ကျောက်ဆည် ၂၃ မေ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၊ အနော်ရထာခန်းမတွင် အခြေခံပညာကျောင်း (၁၈၆)ကျောင်းနှင့် ဘုန်းတော်ကြီး ပညာသင်ကျောင်း (၁၆)ကျောင်း စုစုပေါင်း ကျောင်း(၂၀ဝ)တို့အား ကျောင်းသုံးဗလာစာအုပ်(၁၉၈၀၂) ဒါဇင် အခမဲ့ ဖြန့်ဝေနိုင်ရေးအတွက် မေလ ၂၃ ရက်နံနက် ၁၀ နာရီက အရည်အသွေးဖွင့်ဖောက် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောင်းသုံးဗလာစာအုပ်များ အရည်အသွေးစစ်ဆေးခြင်းများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်၊ မြို့နယ်ပညာရေးမှူး ဒေါ်မိမိအောင်၊ ဒုတိယပညာရေးမှူး ဦးညွှန့်ဝင်းနှင့် အထက်တန်း၊ အလယ်တန်းအဆင့် ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများက ကျောင်းသားတစ်ဦးလျှင် ဗလာစာအုပ် တစ်ဒါဇင် အခမဲ့ဖြန့်နိုင်ရေး အရည်အသွေးဖွင့်ဖောက် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကျောင်းတွင် ကျောင်းသုံးဗလာစာအုပ်များကို မေလ ၂၅ ရက်နေ့တွင် အုပ်စု(၁၇)အုပ်စုခွဲ၍ အပြီး ထုတ်ပေးသွားမည်ဖြစ်ကြောင်းနှင့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများကိုသာ အခမဲ့ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ဒုတိယမြို့နယ်ပညာရေးမှူးဦးညွန့်ဝင်းက ပြောသည်။
တင်တင်ထွေး ( ပြန်/ဆက်)


