ကျောက်ဆည်၊ ဒီဇင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့ပြနှင့် ကျေးလက်ကွာဟမှု မရှိစေရေးအတွက် မြို့နယ်အတွင်းရှိ ကျေးရွာများအား ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ရှားပင်ကျေးရွာတွင် ကျေးရွာမြစိမ်းရောင် စီမံကိန်း အတိုးရငွေ (၅၀) ရာခိုင်နှုန်း၊ ပြည်သူထည့်ဝင်ငွေ၊ လုပ်အား၊ ပစ္စည်းများဖြင့် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ကွန်ကရစ်လမ်းခင်းရာတွင် လမ်းအရည်အသွေး ပြည့်မီစေရေးအတွက် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အနီးကပ်ကြီးကြပ်လျက်ရှိပြီး ကျေးရွာလမ်းကော်မတီ ဦးဆောင်၍ မြစိမ်းရောင်ကျေးရွာ စီမံကိန်း အတိုးရငွေ၏ (၅၀)ရာခိုင်နှုန်းဖြစ်သော ငွေကျပ်(၁၃၀)သိန်း၊ ပြည်သူထည့်ဝင်ငွေ လုပ်အား၊ ပစ္စည်းတန်းဖိုး ၁၈၇၈၀၀၀၀ ကျပ် စုစုပေါင်း ငွေကျပ် ၃၁၇၈၀၀၀၀ ကျပ် အသုံးပြု၍ အရှည်(၁၀၀၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆)လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်လျက်ရှိသည်။
ကျောက်ဆည်မြို့နယ် ရွာသစ်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ပြီး အိမ်ခြေအိမ်ထောင်စု (၁၅၇)စု၊ လူဦးရေ(၇၆၈)ဦး နေထိုင်လျက်ရှိကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)