ကျောက်ဆည် ဖေဖော်ဝါရီ ၁၀
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ အသက် (၅၀)နှစ်အထက် နိုင်ငံ့ဝန်ထမ်းများ၊ အသက်(၆၅)နှစ်အထက် ပြည်သူများအား ဇန်နဝါရီ ၁၆ ရက်မှစတင်ပြီး ထိုးနှံပေးလျက်ရှိကြောင်း ပြည်သူ့ ကျန်းမားရေးဦးစီးဌာနမှ သိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် ပထမအကြိမ် ထပ်ဆောင်းထိုးသူ(၂)ဦး၊ ဒုတိယအကြိမ် ထပ်ဆောင်းထိုးသူ(၇)ဦး၊ တတိယအကြိမ် ထပ်ဆောင်းထိုးသူ (၄၃)ဦး၊ စတုတ္ထအကြိမ် ထပ်ဆောင်းထိုးသူ(၄၆)ဦး စုစုပေါင်း(၉၈)ဦးအား ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
(ခရိုင် ပြန်/ဆက်)