ကျောက်ဆည်၊ အောက်တိုဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကြက်သွန်ဈေးပြန်လည်မြင့်တက်လာသဖြင့် ကြက်သွန်လှောင် ထားသည့် ကြက်သွန်စိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ယခင်လများက ကြက်သွန်ဈေးနှုန်းသည် တစ်ပိဿာလျှင် ငွေကျပ် (၂၀၀)မှ (၂၅၀) အတွင်း အရောင်းအဝယ်ရှိရာ ယခုအခါ လဆန်းပိုင်းမှ စတင်ကာ ကြက်သွန်ဈေးနှုန်းများ ပြန်လည်မြင့်တက်ပြီး ကြက်သွန်တစ်ပိဿာလျှင် ငွေကျပ်(၄၅၀)မှ (၉၅၀) ကျပ်အထိ ပြန်လည်အရာင်းအဝယ်ရှိကြောင်း ကြက်သွန်ပွဲရုံများထံမှ သိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် ၂၀၂၀-၂၀၂၁ ခုနှစ် ကြက်သွန်များကို တိုက်နယ်(၁)အတွင်းမှ ကျေးရွာ(၆)ရွာတွင် (၁၇၉၁) ဧက၊ တိုက်နယ်(၂)အတွင်းမှ ကျေးရွာ(၅)ရွာတွင် (၄၄၈၂)ဧက၊ တိုက်နယ်(၃)အတွင်းမှ ကျေးရွာ(၅)ရွာတွင် (၆၅)ဧက၊ တိုက်နယ်(၄)အတွင်းမှ ကျေးရွာ(၂)ရွာတွင် ဧက(၅၀)၊ တိုက်နယ်(၅)အတွင်းမှ ကျေးရွာ(၂)ရွာတွင် (၉၅၁)ဧက၊ တိုက်နယ် (၆)အတွင်းမှ ကျေးရွာ(၁)ရွာတွင် ဧက(၇၇၀)၊ တိုက်နယ်(၉)အတွင်းမှ ကျေးရွာ(၃)ရွာတွင် (၂၀၅)ဧက၊ တိုက်နယ်(၁၀) အတွင်းမှ ကျေးရွာ(၅)ရွာတွင် ဧက (၄၁၀)၊ တိုက်နယ်(၁၁)အတွင်းမှ ကျေးရွာ(၄)ရွာတွင် ဧက (၂၀)၊ တိုက်နယ်(၁၂)အတွင်းမှ ကျေးရွာ(၅)ရွာတွင် ဧက (၉၇၅၀)စိုက်ပျိုးခဲ့ကြောင်း မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌနမှ သိရသည်။
သက်မောင်(ကျောက်ဆည်)