ကျောက်ဆည် ဧပြီ ၂၃

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ဒေသအတွင်း စားသုံးဆီဖူလုံစေရေး နွေနှမ်းစိုက်ဧက (၂၉၉၉၆) ဧကစိုက်ပျိုးရန် လျားထားခဲ့သော်လည်း (၃၀၈၃၃)ဧက စိုက်ပျိုးနိုင်သဖြင်း လျာထားဧကထက် (၈၃၇)ဧက စိုက်ပျိုးနိုင်ခဲ့သည်။

 

နွေနှမ်းသီးနှံစိုက်ပျိုးရာတွင် ပက်ကျဲစနစ်၊ တန်းဆွဲစနစ်၊ ဘောင်စိုက်စနစ်ဟူ၍ အမျိုးမျိုးစိုက်ပျိုးနိုင်ကြေင်းနှင့် သိပ္ပံနည်းကျ ဘောင်စိုက်စနစ်ဖြင့်စိုက်ပျိုးပါက အပင်သားခွဲရာတွင် လွယ်ကူခြင်း၊ ပေါင်းရှင်းရာတွင် အပင်မနာခြင်း၊ ရေလိုအပ်ပါက ထိန်းညှိသွင်းပေးခြင်းများ ပြုလုပ်နိုင်သဖြင့် နှမ်းစိုက်ခင်းများ ပိုမိုဖြစ်ထွန်း ကြောင်း သိရသည်။

 

နွေနှမ်းစိုက်ခင်းများကို လက်ပန်ဇင်၊ မယ်ဇယ်ပင်၊ တံစိုး၊ သူငယ်တော်၊ ပွတ္တိုင်၊ မြောင်းဦး၊ အနောက်သာဂရ၊ ရွာပုလဲ၊ ကတဲ၊ ပနံ ကျေးရွာအုပ်စုများတွင် (၈၂၁)ဧက၊ ဒါန်းတိုင်၊ ရန်ဘက်လို၊ ပေတော၊ ဘုံကွင်း၊ စင်းကွန်း ကျေးရွာအုပ်စုများတွင် (၁၄၀၄)ဧက၊ လက်ပန်ပင်၊ မယ်ဇယ်ပင်၊ တံစိုး၊ သူငယ်တော်၊ ပွတ္တိုင်၊ မြောင်းဦး၊ အနောက်သာဂရ၊ ရွာပုလဲ၊ ကတဲ၊ ပနံကျေးရွာအုပ်စုများတွင်(၂၅၆၁)ဧက၊ ညောင်ရွေ၊ သင်ပုတ်၊ ဇရပ်ဖြူ၊ ငါးအိုး၊ရွာနန်း၊ လက်ပန်၊ ညောင်ဝန်း၊ ကြောင်ပန်းကုန်း ကျေးရွာအုပ်စုများတွင် (၂၇၆၇)ဧက၊ တောင်နောက်၊ သင်တောင်း၊ အင်တိုင်း၊ ပြည်ပန်း၊ ဖောင်ရွာ၊ ကြက်မင်းတွန်၊ ပတ္တာ၊ ပင်တလည်၊ သမန္တလင်း၊ မြင်းကဘက်၊ မုန့်ပေါင်း၊ လက်ပန်ဇင်၊ ကျေးရွာအုပ်စုများတွင် (၄၇၂၁)ဧက၊ ရှေ့ငယ်တိုး၊ ထန်းဇင်တော်၊ ငှက္ကတောင်၊ ရွှေဒါး၊ ရဲဘော်ကြီး ကျေးရွာအုပ်စုများတွင် (၁၆၈၀)ဧက၊ သင်္ဂတုံ၊ အရှေ့သာဂရ၊ ကလေး၊ မှိုင်းပန်၊ ပြည်တော်သာ၊ ရှမ်းတောင်ဦး၊ ပုထိုးနီ၊ ကုလားကျောင်း ကျေးရွာအုပ်စုများတွင် (၃၉၉၆)ဧက၊ ရဲမအူ၊ စိုင်မလန်း၊ ကိုးပင်၊ အင်ရောင်း၊ ကလိုင်ကျော် ကျေးရွာအုပ်စုမျးတွင် (၃၀၀၀)ဧက၊ မင်းစု၊ စပါယ်တော၊ ရွှေအင်း၊ လေးဆယ်ကုန်း၊ တောတွင်၊ မြေစိုပယ် ကျေးရွာအုပ်စုများတွင် (၁၇၀၀)ဧက၊ ဟံမြင့်မိုရ်၊ လယ်ကြီး၊ ပုန်းညက်ကျေး၊ ကျားကာ၊ သံရွာ၊ ခါးတက်ကုန်း ကျေးရွာအုပ်စုများတွင်  (၂၄၃၃)ဧက၊ ဆူလေကုန်း၊ ပေါက်ပင်ကွေ့၊ မြေစိုမိုး၊ ပဲခင်း၊ ပေါင်လောင်၊ တောင်တော်၊ ကင်းကျေးရွာအုပ်စုများတွင် (၃၉၅၉)ဧက စုစုပေါင်း (၃၀၈၈၃)ဧက စိုက်ပျိုးပြီး ကြောင်း မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။

 

ကျောက်ဆည်မြို့နယ်တွင် ဆင်းရတနာ(၄) နှမ်းအဖြူမျိုးများ အဓိကထားစိုက်ပျိုးကြပြီး နွေနှမ်းသီးနှံများ အောင်မြင်ဖြစ်ထွန်းစေရေးနှင့် အထွက်နှုန်းကောင်းမွန်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ မှ တောင်သူများနှင့်ပူးပေါင်းပြီး နည်းပညာများ စနစ်တကျ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်