ကျောက်ဆည်မြို့နယ်တွင် မြေအုတ်လုပ်ငန်း လုပ်ကိုင်သူများ ပွင့်လင်းရာသီရောက်လာသဖြင့် လုပ်ငန်းများအဆင်ပြေလျက်ရှိ

ကျောက်ဆည်   ဒီဇင်ဘာ  ၃

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ အနောက်သာဂရကျေးရွာအုပ်စု၊ မိုးကြိုးကုန်းကျေးရွာမှ မြေအုတ်လုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် ပွင့်လင်းရာသီရောက်လာသဖြင့် လုပ်ငန်းများ အဆင်ပြေလျက်ရှိပြီးကြောင်း သိရှိရသည်။

 

အုတ်လုပ်ငန်းများ လုပ်ကိုင်ရာတွင် ကိုဗစ်-၁၉ကာလဖြစ်သော်လည်း အဆောက်အဦဆောက်လုပ်သူများအနေနဲ့ ပွင့်လင်းရာသီဖြစ်တဲ့အတွက် မြေအုတ်မှာယူမှုများ များပြားလာသောကြောင့် လုပ်ငန်းများ ပြန်လည် သွက်လက်လာပြီး မြေအုတ်လုပ်ကိုင်သူများ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း အနောက်သာဂရအုပ်စု၊ မိုးကြိုးကုန်းကျေးရွာမှ ကေအိုင် တံဆိပ်ဖြင့် အုတ်ဖုတ်ရောင်းချနေသည့်  ဦးကုလား၏ ပြောပြမှုအရ သိရှိရသည်။

           

အုတ်များပြုလုပ်ရာတွင် မြေဝါမြေစေးသည် အကောင်းဆုံ မြေတစ်မျိုးဖြစ်ပြီး ဦးစွာမြေများကို ရေဖြင့် နှပ်ထားရကာ မြေကြိတ်စက်တွင် စေးပိုင်သည်အထိကြိတ်ပေးရကြောင်း ပြီးမှ ပုံစံခွက်ဖြင့် ပုံသွင်းကာ ခြောက်သွေ့အောင် နေလှန်းပေးရကြောင်း၊ ခြောက်သွေ့သော မြေအုတ်များရရှိသွားပါက မီးဖုတ်ရန်အတွက် စနစ်တကျစီပြီး မီးဖုတ်ကာ မီးကျက်သွားမှ ရောင်းတန်းဝင် အရည်အသွေးအုတ်များ ရရှိကြောင်းလည်း သိရှိရသည်။

                                                                                                 

သက်မောင်(ကျောက်ဆည်)