ကျောက်ဆည် မတ်-၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဒေသအတွင်း ဆန်စပါးဖူလုံပိုလျှံရေး ဒေသနှင့်ကိုက်ညီသည့် စပါးမျိုးများ စိုက်ပျိုးကြကြောင်းသိရှိရပြီး ၂၀၂၃-၂၀၂၄ ခုနှစ်၌ နွေစပါး (၁၀၅၃)ဧက လျာထားစိုက်ပျိုးသွား မည်ဖြစ်ကြောင်း သိရှိရသည်။
နွေစပါးများစိုက်ပျိုးရာတွင် မင်းရဲစိုက်ပျိုးရေးပညာပေးရှေ့တန်းစခန်း၌ မင်းရဲမြောင်းရေဖြင့် (၃၇၂)ဧက၊ သင်းတွဲ စိုက်ပျိုးရေးပညာပေးရှေ့တန်းစခန်း၌ မင်းရဲမြောင်းရေဖြင့်(၂၀၀)ဧက၊ သင်းတွဲမြောင်းရေဖြင့် (၄၀၀)ဧက၊ တမုတ်စိုက်ပျိုးရေး နည်းပညာပေးရှေ့တန်းစခန်းတွင် တမုတ်မြောင်းရေဖြင့် (၂၈)ဧက၊ မင်းရဲ စိုက်ပျိုးရေး နည်းပညာပေးရှေ့တန်းစခန်းတွင် မြေအောက်ရေဖြင့်(၅၃)ဧက စုစုပေါင်း(၁၀၅၃)ဧက စိုက်ပျိုးသွား မည်ဖြစ်ကြောင်း သိရသည်။
နွေစပါး သီးနှံများအောင်မြင်စွာ ပျိုးထောင်စိုက်ပျိုးနိုင်ရေး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ မြောင်းများအလိုက် စိုက်ပျိုးရေများပြည့်ဝစွာ ပေးဝေလျက်ရှိကြောင်းနှင့် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ မျှော်မှန်းအထွက်နှုန်းပြည့်မီကျော်လွန်ရေး မျိုးကောင်း၊ မျိုးသန့်များဖြန့်ဝေပေးခြင်း၊ သွင်းအားစုနှင့် စိုက်နည်းစနစ်များ မှန်ကန်ရေးတောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(ခရိုင် ပြန်ဆက်)