ကျောက်ဆည်၊ ၁၁ ဇွန်
မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှကြီးမှူ၍ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် တွင်ငါးသယံဇာတဖွံ့ဖြိုးတိုးတက်စေရေး၊ ငါးရိက္ခာဖူလုံစေရေးနှင့် ဒေသတွင်းငါးစားသုံးမှုတိုးတက်မြင့်မားစေရေးအတွက် ယနေ့နံနက် ၈ နာရီခွဲက ရဲရွာရေအားလျှပ်စစ် စီမံကိန်းရေလှောင်တမံအတွင်း ငါးသားပေါက် ကောင်ရေ(၉)သိန်းစိုက်ထည့်ခဲ့ကြောင်း သိရသည်။
အဆိုပါငါးမျိုးများစိုက်ထည့်ရာသို့ မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးအောင်ညီတိုးနှင့်ဝန်ထမ်းများ၊ ကျောက်ဆည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဒုတိယ ဗိုလ်မှူးကြီး ဇော်နိုင်ဦး၊ အဖွဲ့ဝင်(၂)ဦးအောင်သူ၊ခရိုင်ငါးလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဒေါ်ခိုင်ခိုင်ဝင်းနှင့် ဝန်ထမ်းများ၊ စခန်းတာဝန်ခံများစုပေါင်း၍ ငါးမြစ်ချင်းကောင်ရေ(၆)သိန်း(၅)သောင်း၊ ငါးခုံးမကြီးကောင်ရေ (၂)သိန်း၊ ရွှေဝါငါးကြင်းကောင်ရေ(၅)သောင်း၊ စုစုပေါင်းငါးကောင်ရေ(၉)သိန်းကို ငါးမျိုးကောင်းမျိုးသန့် ပြန့်ပွား စေရေးအတွက် ရဲရွာရေအားလျှပ်စစ်စီမံကိန်း ရေလှောင်တမံအတွင်း ငါးမျိုးများစိုက်ထည့်ပေးခဲ့ခြင်းဖြစ်ကြောင်း ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
တင်တင်ထွေး


