ကျောက်ဆည် နိုဝင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဆည်၊ မြောင်း ချောင်း၊ ကန်ပေါများပြီး ဆန်စပါးကို အဓိထားစိုက်ပျိုးလျက်ရှိကြောင်းနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးထားသော နွေစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
မိုးစပါးသီးနှံများစိုက်ပျိုးရာ၌ မြို့နယ်သမဝါယမဦးစီးဌာနမှ အောင်မြင်စေရေးနှင့် သွင်းအားစုများ အခက်အခဲမရှိစေရေး အခြေခံသဝါယမအသင်းသား တောင်သူများအား နိုင်ငံ့စီးပွားရန်ပုံငွေဖြင့် စပါးတစ်ဧကအတွက် ငွေကျပ်(၂)သိန်းနှုန်းနှင့် ညီမျှသော သွင်းအားစုများ ထောက်ပံ့ပေးခဲ့ကြောင်းနှင့် ထွက်ရှိလာသည့်စပါးများ ရောင်းချရာ၌ အလွယ်တကူရောင်းချနိုင်ရေးနှင့် အကျိုးအမြတ်ရရှိရေး ဝယ်ယူကြိတ်ခွဲရေးအဖွဲ့များ ဖွဲ့စည်းထားပြီး သတ်မှတ်ကာလပေါက်ဈေးဖြင့် ဝယ်ယူသွားမည်ဖြစ်သဖြင့် မိုးစပါးစိုက် အခြေခံသမဝါယမအသင်းသားများ၏ လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)


