ကျောက်ဆည်  နိုဝင်ဘာ ၁၁

  

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ပြည်သူများ နိုင်ငံသားတစ်ဦး၏ တရားဝင်မှု၊ နိုင်ငံသား အခွင့်အရေးနှင့် လူမှုစီးပွားဘဝပြည်စုံမှု ရရှိစေရေးအတွက် သတ်မှတ်ချက်နှင့် ကိုက်ညီသူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ပြည်သူများ၏ လက်ဝယ်အရောက် အခမဲ့ ပြုလုပ်ပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက တောတွင်ကျေးရွာသို့ကွင်းဆင်းပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။

              

နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပြုလုပ်ပေးရာတွင် ယခုလတွင် ရွာသစ်ကျေးရွာ၌ အသက် (၁၀)နှစ်အထက် အမျိုးသား(၄)ဦး၊ အမျိုးသမီး(၄)ဦး၊ အသက်(၁၈)နှစ်အထက် အမျိုးသား(၄)ဦး၊အမျိုး သမီး (၉)ဦး စုစုပေါင်း (၂၁)ဦး၊  အေးမြကြည်လင်ရပ်ကွက်၌ အသက်(၁၆)နှစ်အထက် အမျိုးသား(၇)ဦး၊ အမျိုးသမီး (၈)ဦး၊ အသက်(၁၈)နှစ်အထက် အမျိုးသား(၁၆)ဦး၊ အမျိုးသမီး(၂)ဦး စုစုပေါင်း(၃၃)ဦး၊ ပေတောကြီးကျေးရွာ၌ အသက်(၁၀)နှစ်အထက် အမျိုးသား(၇)ဦး၊ အမျိုးသမီး(၆)ဦး၊ အသက်(၁၈)နှစ်အထက် အမျိုးသား(၃)ဦး၊ အမျိုး သမီး(၂)ဦး စုစုပေါင်း(၂၃)ဦးနှင့် တောတွင်ကျေးရွာ၌ အသက်(၁၀)နှစ်အထက် အမျိုးသား(၁)ဦး၊ အမျိုးသမီး(၄)ဦး၊ အသက်(၁၈)နှစ်အထက် အမျိုးသား(၇)ဦး၊ အမျိုးသမီး(၄)ဦး စုစုပေါင်း(၁၅)ဦးနှင့် အမျိုးသမီး(၄၁)ဦး၊ အမျိုးသား(၃၆)ဦး ပါဝင်သည့် အိမ်ထောင်စုလူဦးရေစာရင်း (၂၂)ခု ကိုလည်း နေ့ချင်းပြီး ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။

 

ကျောက်ဆည်မြို့နယ်တွင် ရပ်ကွက်(၁၀)ရပ်ကွက်၊ ကျေးရွာအုပ်စု(၈၇)အုပ်စုရှိရာ ပန်းခင်းစီမံချက်ဖြင့် လူဦးရေ (၁၃၅၇၁၀)ကို နိုင်ငံသားစိစစ်ရေးကတ်များ အခမဲ့ပြုလုပ်ပေးနိုင်ရေး လျာထားဆောင်ရွက်ခဲ့ရှိရာ ယခုအခါ အသက်(၁၀)နှစ်မှ(၁၈)နှစ်အကြား(၂၄၀)ဦး၊ အသက်(၁၈)နှစ်အထက်(၂၁၉၃)ဦး စုစုပေါင်း(၂၄၃၃)ဦး အား နိုင်ငံသားစိစစ်ရေးကတ်များ အခမဲ့ဆောင်ရွက်ပေးနိုင်ခဲ့ပြီး အမျိုးသား(၁၄၄၁)ဦး၊ အမျိုးသမီး(၁၃၇၀)ဦး စုစုပေါင်း (၂၈၁၁)ဦးရှိသည့် အိမ်ထောင်စုလူဦးရေစာရင်း(၆၇၈)စု ပြုလုပ်ပေးခဲ့ပြီးဖြစ်ကြောင်း လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ သိရှိရသည်။

 

သက်မောင်(ကျောက်ဆည်)