ကျောက်ဆည် ဇွန် ၂၇

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်းကို မေ () ရက်နေ့မှ စတင်ဆောင်ရွက်ပေးလျက် ရှိပြီး ဇွန် ၂၆ ရက် နံနက် (၁၀) နာရီက လယ်ကြီးကျေးရွာအုပ်စု၊ မြို့သာကျေးရွာ မဟာပွင့်တော်မူဓမ္မာရုံတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်များ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

 

ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားကတ်များ ပြုလုပ်ပေးရာသို့ မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးယဉ်ထွေး၊ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးတို့က ကြည့်ရှု အားပေးခဲ့ပြီး ပြည်သူများနှင့်တွေ့ဆုံကာ ပန်းခင်းစီမံချက်အကြောင်းနှင့် ကြုံတွေ့နိုင်သည့် အခက်အခဲများအကြောင်း ရှင်းလင်းပြေကြားခဲ့သည်။

 

အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးရာတွင် အသက် (၁၆) နှစ်နှင့် (၁၈) အကြား အမျိုးသား () ဦး၊ အမျိုးသမီး () ဦး၊ စုစုပေါင်း (၁၆) ဦး၊ အသက် (၁၈) နှစ်အထက် အမျိုးသား (၁၄) ဦး၊ အမျိုးသမီး (၁၇) ဦး စုစုပေါင်း (၃၁) ဦးနှင့် လူဦးရေ (၅၀) ဝင်သည့် ပြောင်း/ဝင်အိမ်ထောင်စု (၁၆) ခုကို နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

 

သက်မောင်(ကျောက်ဆည်)