ကျောက်ဆည် မတ် ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံ(၃၅၀)ဧကအတွက် စိုက်ပျိုးရေများ အပြည့်အဝပေးနိုင်ရေး ရေပြွန်(၅)လုံးပြန်လည်ပြုပြင်ပေးခြင်းလုပ်ငန်းများကို၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်း ဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူပြီး ပြန်လည်ပြုပြင်လျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် သင်းတွဲရေပေးဝေရေးမြောင်းမှ ရေပြွန်(၅)လုံး၊ ရေတံခါး အဆောက်အအုံ (၅)ခုနှင့် ရေတံခါးများ ပြန်လည်ပြုပြင်ပေးခြင်းကြောင့် သီးနှံမျိုးစုံ(၃၅၀)ဧကအတွက် စိုက်ပျိုးရေများ ပေးဝေရာတွင် လိုအပ်သလို ထိန်းညှိပေးဝေနှိုင်တော့မည်ဖြစ်ပြီး ရေအလေအလွင့် ဆုံးရှုံးမှု လျော့နည်းစေကာ လိုအပ်သည့်ရေပမာဏ ပြည်ဝစွာပေးဝေနိုင်မည်ဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာမှ သိရသည်။
သက်မောင်(ကျောက်ဆည်)


