ကျောက်ဆည်  ၁၉  ဇွန်

 

မန္တလေးတိုင်းဒေသကြီး  ကျောက်ဆည်မြို့နယ် ရှင်ငယ်ကျေးရွာတွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ယမန်နေ့ နံနက် ၁၀ နာရီက ပြည်သူများအား ထင်းအစား အခြားလောင်စာသုံး စွမ်းအားမြှင့် မီးဖိုများ သုံးစွဲရေး ကွင်းဆင်းဆွေးနွေးခဲ့ကြောင်သိရသည်။

 

mdn

 

အဆိုပါ ရှင်ငယ်ကျကျေးရွာအား စံပြကျေးရွာအဖြစ်သတ်မှတ်၍ ထင်းအစားအခြားလောင်စာသုံး စွမ်းအားမြှင့် မီးဖိုများသုံးစွဲခြင်းဖြင့် ထင်းကုန်ကျမှု သက်သာစေခြင်း၊ ချက်ပြုတ်ရာတွင် အချိန်မြန်ဆန်ခြင်း၊ မီးခိုးထွက်မှု နည်းသောကြောင့် ကျန်းမာရေးပြဿနာများ ပေါ်ပေါက်မှုမရှိခြင်း၊ ထင်းကုန်ကျမှု (၄၀)ရာခိုင်နှုန်း ပိုမိုသက်သာစေသောကြောင့် သစ်တောပြုန်းတီးမှုများကို ကာကွယ်နိုင်ပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ် နိုင်မည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးအံ့ဇော်ထွန်းကပြောပြ၍ သိရသည်။

           

ကျောက်ဆည်မြို့နယ် ရှင်ငယ်ကျကျေးရွာတွင် အိမ်ထောင်စု (၁၈၆)စု နေထိုင်လျက်ရှိရာ ကျေးရွာပြည်သူများ မိမိတို့ဒေသထွက် စိုက်ပျိုးရေးသုံး စွန့်ပစ်ပစ္စည်းများဖြစ်သည့် ငရုတ်ရိုး၊ ဝါရိုး၊ ပဲစဉ်းငုံရိုး၊ ထန်းသီးခြောက်၊ ပြောင်းဖူးရိုး စသည့်တို့ကို ထင်းအစားထိုး လောင်စာအဖြစ် သုံးစွဲနိုင်ရေး ထင်းအစား အခြားလောင်စာသုံးစွမ်းအားမြှင့်မီဖို ၁၈၆ လုံးကိုလည်းအခမဲ့ဖြန့် ဝေပေးခဲ့ကြောင်း သိရသည်။

           

တင်တင်ထွေး(ပြန်/ဆက်)