ကျောက်ဆည် ၂၈ မေ
ကျောက်ဆည်မြို့ တောင်ဘက်မြို့ဝင် ပြည်ပန်းကျေးရွာကျေးရွာအနီး၊ ရန်ကုန်-မန္တလေး ကားလမ်း တွင်မေ(၂၇)ရက်၊ ညနေ(၃)နာရီခွဲအချိန်ကျော်ခန့်က ကားနှစ်စီး မျက်နှာချင်းဆိုင်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ကျောက်ဆည်မြို့မှ တောင်ဘက်အထွက် ရန်ကုန်-မန္တလေးကား၊ ပြည်ပန်းကျေးရွာ အနီးတွင် မြောက်အရပ်မှဝင်းဇော်(၄၁)နှစ် ဝါးတောကျေးရွာနေထိုင်သူ မောင်းနှင်ပြီး ရမည်းသင်းမြို့နယ်၊ ကံသွယ်ကျေးရွာနေ ဦးတင်နု(၆၁)နှစ်၊ မသင်းသင်းရွှေ(၃၈)နှစ်၊ မတိုး(၄၂)နှစ် လိုက်ပါလာသည့် 8G/---- LIGHT TRUCK အဖြူရောင်ကားသည် အရှိန်မထိန်းနိုင်ဖြစ်ကာ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိသွားပြီး မျက်နှာချင်းဆိုင်အရပ်မှ ကျောက်ဆည်မြို့နယ်၊ လက်ပန်ကျေးရွာနေ တင်ဇော်မိုး (ခ)အာရဖတ်လီ(၂၇)နှစ် မောင်းနှင်လာသည့် 2H/---- NISSAN WINGROAD အဖြူရောင်ယာဉ်အား ဝင်တိုက်မိခဲ့သည်။
ယာဉ်တိုက်မှုကြောင့် ဦးတင်နု၊ မသင်းသင်းရွှေ၊ မတိုးနှင့် တင်ဇော်မိုး(ခ) အာရဖတ်လီတို့တွင် (မစိုးရိမ်ရ)ဒဏ်ရာ အသီးသီးရရှိသွားခဲ့ပြီး ဝင်းဇော်အားကျောက်ဆည်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။
သက်မောင်(ပြန်/ဆက်)