ကျောက်ဆည် ၆ ဖေဖော်ဝါရီ
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့တွင် ပြပွဲများ၊ပြိုင်ပွဲများ၊ အားကစားပြိုင်ပွဲများ၊ တိုင်းရင်းသားရိုးရာ အစားအသောက်များ ရောင်းချခြင်းနှင့် ဆုပေးပွဲများဖြင့် ပြည်သူ့အားကစားကွင်းပြင်တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွားနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ခရိုင်စီမံခန့်ခွဲမှု ကော်မတီဉက္ကဋ္ဌ ဦးထွန်းမင်းဇော်က ပြိုင်ပွဲအားလုံး၏ ဦးစီးကော်မတီနာယကအဖြစ် တာဝန်ယူပြီး ခရိုင်/မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် အရပ်ဘက် အဖွဲ့အစည်းဝင်များအား ပြပွဲများ ခင်းကျင်းပြသနိုင်ရေးကြီးကြပ်မှုကော်မတီ၊ အားကစားမျိုးစုံ ပြိုင်ပွဲများ ကြီးကြပ်မှု ကော်မတီ၊ ပန်းချီစာစီစာကုံးပြိုင်ပွဲများ ကြီးကြပ်မှု ကော်မတီ၊ တိုင်းရင်းသား အစားအစာရောင်းချရေး ကြီးကြပ်မှုကော်မတီနှင့် ကျန်းမာရေးစောင့်ရှောက်မှု ကြီးကြပ်ရေး ကော်မတီများ အသီးသီးဖွဲ့စည်းခဲ့ကြောင်း သိရသည်။
သက်မောင် (ကျောက်ဆည်)