ကျောက်ဆည် ဩဂုတ်၂၉

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် အောက်ဆီဂျင်စက်ရုံ တည်ဆောက်လျက်ရှိရာ ယခုအခါ အောက်ဆီဂျင်စက် ရောက်ရှိလာပြီဖြစ်သောကြောင့် ယနေ့ နံနက်ပိုင်းတွင် စက်တပ်ဆင်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါအောက်ဆီဂျင်စက်ရုံးအား ကြက်မင်းတွန်ရပ်ကွက် ရွှေစေတီဘုန်းတော်ကြီးကျောင်းဝင်းအတွင်း တည်ဆောက်ထားပြီး အလျား ၈၀ ပေ၊ အနံ ၂၅ ပေ၊ အမြင့် ၁၃ ပေရှိပြီး ခန့်မှန်ကုန်ကျငွေ ကျပ်သိန်း (၂၀၀၀)ကျပ် ဖြင့် ဆောင်ရွက်ထားကြောင်း သိရသည်။

 

အောက်ဆီဂျင်စက် တပ်ဆင်လည်ပတ်နိုင်ပါက တစ်နာရီလျှင် (၄၀)လီတာဝင် အောက်ဆီဂျင်အိုး အလုံး (၄၀)အိုး ထွက်ရှိမည်ဖြစ်ပြီး စက်ရေရှည်တည်တံ့ကောင်းမွန်ရေးအတွက် တစ်ရက်လျှင် (၁၂)နာရီသာမောင်းနှင်း လည်ပတ်ရန် သက်မှတ်ထားပြီး အောက်ဆီဂျင်လိုအပ်မှသာနာရီတိုး၍ မောင်းနှင်းလည်ပတ်သွားမည် ဖြစ်ကြောင်း သိရသည်။

 

အောက်ဆီဂျင်စက်လည်ပတ်နိုင်ပါက ကျောက်ဆည်မြို့နယ်အတွင်းရှိ အောက်ဆီဂျင်လိုအပ်သော လူနာများ အားလုံးအတွက် ဖြန့်ဝေပေးနိုင်တော့မည်ဖြစ်ကာ ပိုလျှံမှုများရှိပါက အခြားမြို့နယ်များသို့ အခမဲ့ဖြန့်ဝေပေးသွား မည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)