ကျောက်ဆည်၊ မေ ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် အခြေခံစက်ချုပ်သင်တန်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်ထွန်းက ကျေးလက်နေပြည်သူများ လူမှုစီးဘဝဖွံ့ဖြိုးတိုးတက်ဖို့အတွက် အထောက်အကူပြုသော သင်တန်းဖြစ်ရာ သင်တန်းနည်းပြမှ သင်ကြားပြသမှုများကို လက်တွေ့နယ်ပယ်တွင် အသုံးချရေး အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းအေး က သင်တန်းတွင် သင်ကြားပို့ချက်များကို စနစ်တကျ လေ့လာမှတ်သားရန်နှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အခြေခံစက်ချုပ်သင်တန်းကို မေ ၂ ရက်နေ့မှ ၂၉ ရက်နေ့အထိ စာတွေ့လက်တွေ့ အခမဲ့ သင်ကြားဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး သင်တန်းသို့ ကျောက်ဆည်မြို့နယ်အတွင်းမှ သင်တန်းသူ(၁၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
တင်တင်ထွေး