ကျောက်ဆည် ၁၈ ဖေဖော်ဝါရီ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့ နံနက်(၉)နာရီက စာရေးဆရာများနှင့် စာပေ ချစ်မြတ်နိုးသူများ အသင်း(Book Club)အဖွဲ့ဝင် (အ.ထ.က-၃) ကျောင်းသား/ ကျောင်းသူများ တွေ့ဆုံပြီး စာပေဝါသနာရှင်များ တစ်ဦးနှင့်တစ်ဦး ပိုမိုချစ်ခင်ရင်းနှီးလာစေရန်နှင့် အတွေးအခေါ်များ ပိုမိုရင့်သန်လာစေရန် ရည်ရွယ်ပြီး စာရေးဆရာဖေမြင့်၏အခန်း(၁၄)ခန်းပါ “အပြောင်မြောက်ဆုံး ဘဝတစ်ခုတည်ဆောက်ခြင်း” စာအုပ်အား စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက စာဖတ်ဝိုင်းများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကိုများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျောက်ဆည်မြို့နယ် စာရေးဆရာ အသင်းနာယက၊ ဆရာမွန်းဇူး (ကျောက်ဆည်)က မိမိ၏ ဖြစ်နိုင်ခွင့်အလားအလာများကို အစွမ်းကုန် ဖွင့်ပေးပါအကြောင်း၊ မြို့နယ်စာရေးဆရာအသင်းဝင် စာရေးဆရာမသီတဂူ (ကျောက်ဆည်)က ကျားကုတ်ကျားခဲစိတ်ဓာတ်အကြောင်း၊ မြို့နယ်စာရေးဆရာ ၊မြို့နယ်စာရေးဆရာ အသင်းဉက္ကဋ္ဌ၊ မောင်ခိုင်ကျော်(ကျောက်ဆည်)က ကြီးကျယ်မြင့်မြတ်သော ဘဝအကြောင်းနှင့် မိုသျှမ်း (မန္တလေး)က အပြောင်မြောက်ဆုံး ဘဝတစ်ခုတည်ဆောက်ခြင်း စာအုပ်ပါ ကြောင်းအရာများအား ခြုံငုံသုံးသပ်ရှင်းလင်း ဆွေးနွေးခဲ့ကြရာ စကားဝိုင်းသို့ တက်ရောက်လာကြ သည့် (Book Club)အဖွဲ့ဝင် ကျောင်းသား/ကျောင်းသူများက ၎င်းတို့ သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေး နွေးခဲ့ကြကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)


