ကျောက်ဆည် ဇွန် ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု လျောနည်းစေရေးအတွက် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်  ၁၀ ခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦးက ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၃၃)ဦးရှိကြောင်း၊ Quarantine Centre မြင်းစိုင်းခန်းမတွင် ထားရှိရေးစီစဉ်ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါပိုးရှိသူနှင့် တိုက်ရိုက်ထိတွေ့သူများအနေဖြင့် မိမိတို့နေအိမ်များတွင် Home Quarantine အဖြစ် အသွားအလာကန့်သတ် နေထိုင်သွားရမှာဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ၊ ဒုတိယခရိုင် ပြည်သူ့ကျန်းမာရေးဌာနမှူး ဒေါက်တာရဲဝင်းနိုင်က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများအနေဖြင့် ကျောက်ဆည်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံးကြီးသို့ တက်ရောက်စောင့်ကြည့် ကုသရမှာဖြစ်ကြောင်း၊ ပိုးတွေ့လူနာနှင့် တိုက်ရိုက်ထိတွေ့သူများက မိမိတို့နေအိမ်တွင် ကိုဗစ်-၁၉ ရောဂါစည်းကမ်းချက်များနှင့်အညီ နေထိုင်သွားကြပြီး ()ရက်အတွင်း ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးသွားရမှာဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်ပြီး ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက သိရှိလိုသည့်အကြောင်းအရာများကို မေးမြန်ဆွေးနွေးတင်ပြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဒုတိယခရိုင် ပြည်သူ့ကျန်းမာရေးဌာနမှူးတို့က ပူးပေါင်းဆောင်ရွက်ပေးမည့် ကိစ္စများကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)

mdn