ကျောက်ဆည်၊ ၂၄ ဇန်နဝါရီ

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့၌ ဇန်နဝါရီ ၂၃ ရက်တွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ (၂၄)ဦးရှိကြောင်း အထွထွေရောဂါကု ပြည်သူ့ဆေးရုံးကြီးမှ သိရှိရသည်။

 

အဆိုပါ ကူးစက်မှုများအနေဖြင့် ပိုးတွေ့ရှိခဲ့သူများမှာ ကျောက်ဆည်မြို့မရဲစခန်းမှ ရဲဝန်ထမ်းတစ်ဦး အပါအဝင် အချုပ်သား (၁၄)ဦး စုစုပေါင်း (၁၅)ဦး၊ ပြည်သူ့ဆေးရုံကြီးမှ အထူးကုသမားတော်ကြီးတစ်ဦး အပါအဝင် ဖျားနာဆောင် တာဝန်ထမ်းဆောင်ခဲ့သည့် သူနာပြုများနှင့် အထွေထွေလုပ်သား စုစုပေါင်း (၅)ဦး၊ မော်တော်ယာဉ်စစ်ဆေးဂိတ်နှင့် Facility Quarantine ဝင်ရောက်နေသည့်အထဲမှ စုစုပေါင်း (၄)ဦး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခြင်းဖြစ်ကြောင်း သိရှိရသည်။

 

အဆိုပါ ပိုးတွေ့လူနာများအား ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခြင်းနှင့် ရောဂါပိုးပြန့်ပွားမှု မရှိစေရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းများကို ကြက်မင်းတွန်ရပ်ကွက် အခြေစိုက် Myanmar rescue kyaukse အသင်းမှ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 

သက်မောင်(ကျောက်ဆည်)