ကျောက်ဆည်၊  နိုဝင်ဘာ  ၈

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် နိုဝင်ဘာ ၈ ရက် နံနက် ၁၀ နာရီက ကိုဗစ်-၁၉ ရောဂါ သက်သာပျောက်ကင်းပြီး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှပြန်လည် ဆင်းခွင့် ရရှိသူ(၅၈၅)ဦးရှိ၍ ဆေးဝါးကုသမှုခံယူနေသူ (၁)ဦးရှိကြောင်း ကျောက်ဆည်မြို့ အထွေထွေရောဂါကု ပြည်သူ့ ဆေးရုံကြီးမှ သိရသည်။

 

ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပါ်တုန့်ပြန်ရေး ကော်မတီဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများအား ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိ လိုက်နာနိုင်ရေး ရပ်ကွက်/ကျေးရွာများတွင် အသိပညာပေးခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဦးစားပေးအဆင့်အလိုက် ထိုးနှံပေးခြင်း၊ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိသူများနှင့် ကိုဗစ်-၁၉ ရောဂါပိုးရှိသူနှင့် ထိတွေ့ ခဲ့သူများအား နေ့စဉ် Test  Kit ဖြင့်စစ်ဆေးပေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ရောဂါပိုး တွေ့ရှိသူများအား ကျောက်ဆည်မြို့ ထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် စနစ်တကျ ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။

 

ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အမျိုးသား(၃၇၉)ဦး၊ အမျိုးသမီး(၃၀၈)ဦး၊ စုစုပေါင်း (၆၈၇)ဦး၊ ရောဂါသက်သာပျောက်ကင်းပြီး ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံမှဆင်းခွင့်ရရှိသူ အမျိုးသား (၃၂၈)ဦး၊ အမျိုးသမီး(၂၅၇)ဦး၊ စုစုပေါင်း(၅၈၅)ဦး၊ သေဆုံးသူ အမျိုးသား(၅၁)ဦး၊ အမျိုးသမီး (၅၀)ဦး စုစုပေါင်း(၁၀၁)ဦးနှင့် ဆေးဝါးကုသူမှုခံယူနေသည့် အမျိုးသမီး(၁)ဦးရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရးပေါ်တုန့်ပြန်ရေးကော်မတီထံမှ သိရသည်။

 

သက်မောင်