ကျောက်ဆည်၊ အောက်တိုဘာ-၂၆
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်တွင် ရာဂီမုန်တိုင်းနှင့်ဆက်စပ်ဖြစ်ပွားသော ရေဘေးကြောင့် နေအိမ်ပျက်စီးသူများအား ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို အောက်တိုဘာ(၂၆)ရက် နံနက်(၁၀)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ဇော်ဦးက လူနေအိမ် ပျက်စီးသူများအနေဖြင့်ထောက်ပံ့ငွေများရရယူပြီး အမြန်ဆုံးနေအိမ်ဆောက်လုပ်နေထိုင်သွားကြရန် အမှာစကား ပြောကြားခဲ့ပြီး ရေဘေးကြောင့် လုံးဝပျက်စီးသွားသည့် စပါယ်တောကျေးရွာအုပ်စုမှ မိသားစုဝင်များအား အိမ်ထောင်စုတစ်စုလျင်ငွေ(၂၃)သိန်း ငါးသောင်းကျပ်အား လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးသိန်းကျော်သူ၊ အဖွဲ့ဝင်(၂)ဦးခင်မောင်ဝင်း၊ အဖွဲ့ဝင်(၃)ဦးအောင်ထားရွှေ၊ အတွင်းရေးမှူး ရဲမှူးကျော်စိုးမိုးနှင့် တာဝန်ရှိသူတို့က ပတ္တာ၊ ဆူးလေကုန်း၊ လယ်ကြီး၊ မြေစို၊ ရွှေအင်း၊ ကျားကာ၊ စင်းကွန်း၊ ဒွေးလှ၊ ရှားပင်၊ ပေတောကြီး၊ ကတဲ၊ အနာက်ငါးဆူ၊ ပန်ုးခွာ၊ ကြောင်ပန်းကုန်း၊ ပနံ၊ ဘုံကွင်း ကျေးရွာအုပ်စုများရှိ ရေဘေးသင့်လူနေအိမ်လုံးဝပျက်စီးသွားသော မိသားစုဝင်များနှင့် လူနေအိမ်တစ်ပိုင်းတစ်စ ပျက်စီးသွားသောမိသားစုများအား ထောက်ပံ့ငွေများလက်ဝယ်ရောက်ဆက်လက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ ကျောက်ဆည်မြို့နယ်တွင် ရေဘေးသင့်ပျက်စီးလူနေအိမ်(၈၆)အိမ်ရှိကြောင်းနှင့် ထောက်ပံ့ငွေစုစုပေါင်း (၂၀၁၅၀၀၀၀၀)ကျပ် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ပြန်/ဆက်


