ကျောက်ဆည်၊ ၁၈ မေ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မေလဆန်းပိုင်းက မိုးရွာသွန်းမှုကြောင့် တောက်ကျရေများဝင်ရောက်ပြီး နွေသီးနှံစိုက်ခင်းများဖြစ်သည့် ပဲတီစိမ်းနှင့် နှမ်းသီးနှံစိုက်ခင်းအချို့ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်တွင် နွေသီးနှံများဖြစ်သည့် တိုက်နယ်(၆)မှ ကွင်းပေါင်း (၃၁)ကွင်း၊ တောင်သူ (၂၁၁)ဦး၏ ပဲတီစိမ်း (၈၀၈)ဧကတွင် တောင်ကျရေများဝင်ရောက်ခဲ့သဖြင့် (၃၄၀)ဧက ပျက်စီးခဲ့ပြီး တိုက်နယ်(၈)မှ ကွင်းပေါင်း (၃)ခု၊ တောင်သူ (၇)ဦး၏ ပဲတီစိမ်း (၅)ဧက ပျက်စီးခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် တိုက်နယ်(၅)မှ ကွင်းပေါင်း (၄)ခု၊ တောင်သူပေါင်း (၂၁၉)ဦး၏ နှမ်း (၆၅၉)ဧက၊ တိုက်နယ် (၆)မှ ကွင်းပေါင်း (၂၈)ခု၊ တောင်သူ (၁၇၈)ဦး၏ နှမ်း (၁၁၅)ဧက၊ တိုက်နယ်(၈)မှ ကွင်းပေါင်း (၈)ခု၊ တောင်သူ (၁၀၀)ဦး၏ နှမ်း (၁၇၈)ဧက၊ တိုက်နယ်(၁၁)မှ ကွင်းပေါင်း (၁၁)ခု၊ တောင်သူ(၄၁၆)ဦး၏ နှမ်း (၆၄၇)ဧက၊ တိုက်နယ်(၁၂)မှ ကွင်းပေါင်း (၁၃)ခု၊ တောင်သူ(၁၈၉)ဦး၏ နှမ်း (၄၇၄)ဧက ပျက်စီးခဲ့သည်။
ကျောက်ဆည်မြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ခုနှစ် တိုက်နယ်(၁)တွင် နှမ်း (၈၁၅)ဧက၊ ပဲတီစိမ်း (၉)ဧက၊ တိုက်နယ်(၂)တွင် နှမ်း (၁၄၀၄)ဧက၊ ပဲတီစိမ်း (၈၅၈)ဧက၊ တိုက်နယ်(၃)တွင် နှမ်း (၁၁၇၃)ဧက၊ ပဲတီစိမ်း (၃၇၆)ဧက၊ တိုက်နယ်(၄)တွင် နှမ်း (၈၈၅)ဧက၊ ပဲတီစိမ်း (၁၂၈)ဧက၊ တိုက်နယ်(၅)တွင် နှမ်း (၂၃၄၇)ဧက၊ ပဲတီစိမ်း (၁၅)ဧက၊ တိုက်နယ်(၆)တွင် နှမ်း (၃၅၂)ဧက၊ ပဲတီစိမ်း (၈၇၂)ဧက၊ တိုက်နယ်(၈)တွင် နှမ်း (၃၃၈၇)ဧက၊ ပဲတီစိမ်း (၅၄၄)ဧက၊ တိုက်နယ်(၉)တွင် နှမ်း (၈၆၂)ဧက၊ ပဲတီစိမ်း (၄၃၈)ဧက၊ တိုက်နယ်(၁၀)တွင် နှမ်း (၁၃၅)ဧက၊ ပဲတီစိမ်း (၃၄)ဧက၊ တိုက်နယ်(၁၁)တွင် နှမ်း (၂၃၀၂)ဧက၊ တိုက်နယ်(၁၂)တွင် နှမ်း (၅၁၄)ဧက၊ ပဲတီစိမ်း (၄၂)ဧက စိုက်ပျိုးခဲ့ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)


