နေပြည်တော်၊ နိုဝင်ဘာ ၂၉
နိုဝင်ဘာ ၂၇ ရက် ညနေ ၅ နာရီခွဲတွင် သံရွာနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောက်ဆည်မြို့နယ်၊ တောင်တော်ကျေးရွာအုပ်စု၊ တောင်တော်ကျေးရွာနေ မျိုးသန့်ကျော် (ခ) ရှမ်းလေး၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅,၄၀၀ ကို သိမ်းဆည်းရမိခဲ့သည်။
အလားတူ နိုဝင်ဘာ ၂၈ ရက် မွန်းလွဲ ၂ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ မြခွာညိုလမ်းတွင် အိုက်နွန်း မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၈,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား