ကျောက်ဆည် ၂၇  မတ်

 

ကျောက်ဆည်ပြည်သူ့ဆေးရုံကြီးသို့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရာတွင် အသုံးပြုရန်အတွက် ငွေကျပ် သိန်း ၅၀ နှင့် ငွေကျပ် ၈၁ သိန်းတန်ဖိုးရှိ ကျန်းမာရေးသုံးပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ထိုသို့လှူဒါန်းရာတွင် Kyaukae Alpha Cemend ကျောက်ဆည်မြို့၊ အယ်လ်ဖာဘိလပ်မြေစက်ရုံမှ တာဝန်ရှိသူ များက ဆေးရုံဝန်ထမ်းများနှင့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် အသုံးပြုရန် ငွေသားသိန်း (၅၀) နှင့် ကိုယ်အပူချိန် တိုင်းကိရိယာ အခု ၁၀၀ လက်ဆေးဆပ်ပြာဘူး ၅၀ ဘူးနှင့် နှာခေါင်းစည်း ၂၀၀၀၊ စုစုပေါင်း ငွေကျပ် ၈၁ သိန်းတန်းဖိုးရှိ ပစ္စည်းများကို ပေးအပ်လှူဒါန်းပြီး တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအား အရင်းအမြစ် ဝန်ကြီး ဦးအောင်ကြည်နှင့် ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်တို့က လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါလှူဒါန်းမှုကို ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးအတွက် Anhui Conch Group Co, Ltd မှ ကြီးမှူးပြီး တရုတ်-မြန်မာချစ်ကြည်ရေး အစီအစဉ်အရ လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

 

သက်မောင်(ကျောက်ဆည်)