ကျောက်ဆည် ၅ ဖေဖော်ဝါရီ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ကျောက်ဆည်တက္ကသိုလ်တွင် ဖေဖော်ဝါရီ (၅)ရက် နံနက် (၉)နာရီခွဲက ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဖွင့်ပွဲပြုလုပ်ခဲ့ရာ ပါမောက္ခချုပ် ဒေါက်တာ အောင်ခင်မြင့် တက်ရောက်အမှာစကားပြောကြားသည်။
ဆက်လက်ပြီး မန္တလေးတိုင်းဒေသကြီး၊ ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ၊ဒေါက်တာသီတာလွင် က ကြက်ခြေနီ သမိုင်းကြောင်းများနှင့် အခြေခံမူများအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်ကြက်ခြေနီ တပ်ဖွဲ့မှူး ဒေါ်နွဲ့နွဲ့ထွေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ရှေးဦးပြုစုခြင်း အခြခံသဘောတရားများအား စာတွေ့၊ လက်တွေ့ ပို့ချသင်ကြားခဲ့ကြောင်း သိရှိရပြီး ကျောင်းသား/ကျောင်း သူ ၂၀ဝ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
သက်မောင် (ကျောက်ဆည်)