အမရပူရ     မတ်

 

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ဆင်ရွာမြင်းမှူးကျေးရွာတွင် တည်ထားကိုးကွယ်တော်မူသည့် ကမ္ဘာ့ပထမဆုံး 'ဝေရောစန'ကျောက်စိမ်းစေတီတော်မြတ်ကြီး၏ ပဥ္စမအကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော် အထိမ်းအမှတ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ကြံ့နှစ်ကောင်ဘိလပ်မြေ ခြင်းလုံးခတ်ပြိုင်ပွဲနှင့် ဒေသခံပိုက်ကျော်ခြင်းပြိုင်ပွဲ အဆင့်မြင့် ၈ ပေါက်တန်းနှင့် ၆ ပေါက်တန်း ဝိုင်းဖွဲ့ ခြင်းလုံးခတ်ပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်း အမျိုးသားပြိုင်ပွဲဗိုလ်လုပွဲကို ယနေ့ညနေ၄နာရီတွင် စေတီတော် အနီးရှိ အားကစားကွင်း၌ ကျင်းပခဲ့သည်။

 

ပိုက်ကျော်ခြင်း အမျိုးသား ၃ ယောက်တွဲပြိုင်ပွဲတွင် ဆင်ရွာမြင်းမှူးအသင်းက လိပ်ဆံခွန်အသင်းကို ပွဲ ၁ပွဲဖြင့် အနိုင်ရဗိုလ်စွဲသွားပြီး လိပ်ဆံခွန်အသင်းက ဒုတိယဆုရရှိကာ မြစ်တူး() အသင်းက တတိယဆု ရရှိကြသည်။

‌ဝိုင်းဖွဲ့ခြင်းလုံးခတ် ပထမတန်းအဆင့် ပေါက်တန်းပြိုင်ပွဲတွင် ပြည်ရွှေဘို အသင်းက ၉၇၁ မှတ်ဖြင့် ပထမ၊ စစ်ကိုင်းတိုင်းအသင်းက ၉၁၁ ဖြင့် ဒုတိယ၊ ‌ဝိုင်းဖွဲ့ခြင်းလုံးခတ် ဒုတိယတန်းအဆင့် ၈ ပေါက်တန်း ပြိုင်ပွဲတွင် 2 Two cub ရန်ကုန်အသင်းက ၁၂၅၄ မှတ်ဖြင့်ပထမ၊ Spider-ဉာတိမောင် မန္တလေး အသင်းက ၁၁၇၃ မှတ်ဖြင့် ဒုတိယ၊ မျိုးဆက်သစ် ရန်ကုန်အသင်းက ၁၀၆၀ ဖြင့်တတိယ၊ ‌ဝိုင်းဖွဲ့ခြင်းလုံး ခတ် ဒုတိယတန်းအဆင့် ၆ ပေါက် တန်းပြိုင်ပွဲတွင် ချမ်းမြရွှေစင်အသင်းက ရ၈၆ မှတ်ဖြင့်ပထမ၊ ခေတ်ဆန်းမောင်အသင်းက ၇၃၄မှတ်ဖြင့် ဒုတိယ၊ တော်ဝင်ကြယ်-ပခုက္ကူ အသင်းက ၆၈၁ မှတ်ဖြင့် တတိယအသီးသီး ရရှိကြသည်။

 

ပြိုင်ပွဲအပြီး ဆုများချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ၆ ပေါက်တန်းနှင့် ၈ ပေါက်တန်းတို့တွင် တက်သစ်စအားကစားသမာဆု၊ အကောင်းဆုံးဆု၊ အတိုးတက်ဆုံးအသင်းဆု၊ ဝိုင်းဖွဲ့ခြင်းလုံးခတ်ပြိုင်ပွဲ ၆ပေါက်တန်း ပထမတန်း၊ ဒုတိယတန်းပြိုင်ပွဲ နှစ်သိမ့်ဆုရအသင်း၊ ၈ ပေါက်တန်းပြိုင်ပွဲ နှစ်သိမ့်ဆုရ အသင်းတို့အား ဂေါပကအဖွဲ့ဝင်များက ဆုငွေများချီးမြှင့်ကြသည်။

 

ဆက်လက်၍ ပြိုင်ပွဲအလိုက် ဆုရရှိကြသူများအား ဆုများပေးအပ်ချီးမြှင့်ပေးပြီး ပထမဆုရ ၆ ပေါက်တန်း ပထမတန်း အသင်းတို့မှ ပထမ၊ ဒုတိယ၊ တတိယဆုရ အသင်းတို့နှင့် ပိုက်ကျော်ခြင်းပြို င်ပွဲ ပထမဆုရ ဆင်ရွာမြင်းမှူးအသင်းတို့အား ဝေရောစနကျောက်စိမ်းစေတီတော် ဘုရားဒါယကာဂေါပကအဖွဲ့ဥက္ကဋ္ဌ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးစိုးနိုင်နှင့် ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များ၊ ကြံ့နှစ်ကောင်ဘိလပ်မြေမှတာဝန်ရှိသူများက ဆုတံဆိပ်များ၊ ပထမတံခွန်စိုက်ဆုဖလားနှင့် ဆုငွေများ ပေးအပ်ချီးမြှင့်လိုက်ကြောင်း သိရသည်။

 

တင်မောင်(မန်းကိုယ်ပွား)