အမရပူရ ၁၃ ဖေဖော်ဝါရီ

 

မန္တလေး အမရပူရမြို့နယ် ဆင်ရွာမြင်းမှူး ကျေးရွာတွင် တည်ထားကိုးကွယ်တော်မူသည့် ကမ္ဘာ့ပထမ ဆုံး 'ဝေရောစန'ကျောက်စိမ်းစေတီတော်မြတ်ကြီး၏ ပဉ္စမအကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အထိမ်း အမှတ်မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဖလား၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား နှင့်ကြံ့နှစ်ကောင်ဘိလပ်မြေဖလား အဆင့်မြင့် ၁၀ ပေါက်တန်းနှင့် ၆ ပေါက်တန်း ဝိုင်းဖွဲ့ခြင်းလုံးခတ် ပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းအမျိုးသား၊ အမျိုးသမီးပိုင်ပွဲဗိုလ်လုပွဲကို ဖေဖေါ်ဝါရီ ၁၂ ရက် နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် စေတီတော်အနီးရှိ အားကစားကွင်း၌ ကျင်းပခဲ့သည်။

 

အမျိုးသမီး ၃ ယောက်တွဲပြိုင်ပွဲတွင် ပြည်ထဲရေးအမျိုးသမီးအသင်းက ကျန်းမာရေးနှင့်အားကစား ဝန်ကြီး ဌာနအမျိုးသမီးအသင်းကို ၂ပွဲပြတ်ဖြင့် အနိုင်ရပြီး ပထမဗိုလ်စွဲခဲ့ပြီး အား/ကာသိပ္ပံ (ရန်ကုန်)အသင်းက တတိယနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအသင်းက ဒုတိယ ရရှိကြ သည်။

 

963

 

ပိုက်ကျော်ခြင်း ပြိုင်ပွဲ အမျိုးသား ၂ ယောက်တွဲဗိုလ်လုပွဲတွင် ပြည်ထဲရေးအသင်းက ရွှေကျွန်းသား  အသင်းကို ၂ ပွဲပြတ်ဖြင့် အနိုင်ရ ပထမဗိုလ်စွဲသွားပြီး ရွှေကျွန်းသားအသင်းက ဒုတိယနှင့် ကာကွယ်ရေး အသင်းက တတိယ ရရှိသွားသည်။

 

ပိုက်ကျော်ခြင်းပြိုင်ပွဲ ၃ ယောက်တွဲ ဗိုလ်လုပွဲတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အသင်းက ကာကွယ်ရေး အသင်းကို  ၂ ပွဲပြတ်ဖြင့် အနိုင်ရဗိုလ်စွဲသွားပြီး ကာကွယ်ရေးအသင်းက ဒုတိယနှင့် သရက်ကြီးအသင်းက တတိယရရှိသွားသည်။

 

ဝိုင်းဖွဲ့ခြင်းလုံးခတ် ဒုတိယတန်းအဆင့် ၆ ပေါက်တန်းပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းအသင်းက ပထမ၊ မြဝတီ-ကရင်အသင်းကဒုတိယ နှင့် ပြည်မြို့နယ်အသင်းကတတိယ၊ ဝိုင်းဖွဲ့ခြင်းလုံးခတ် ပထမတန်း အဆင့် ၆ ပေါက်တန်း ပြိုင်ပွဲတွင် 2 Two club အသင်းက ၁၂၀၈ မှတ်ဖြင့် ပထမ၊ Spider- မြင်းခြံအသင်းက ၁၀၇၃ မှတ်ဖြင့် ဒုတိယ၊ ချမ်းမြရွှေစင်-မန္တလေးအသင်းက ၈၀၆ မှတ်ဖြင့် တတိယ၊ ‌ဝိုင်းဖွဲ့ခြင်းလုံးခတ် အဆင့်မြင့် ၁၀ ပေါက် တန်းပြိုင်ပွဲတွင် Spider-မြင်းခြံအသင်းက ၁၁၈၆ မှတ်ဖြင့် ပထမ၊ 2 Two club -ရန်ကုန်အသင်းက ၁၀၉၂မှတ်ဖြင့် ဒုတိယမျိုးဆက်သစ် ရန်ကုန်အသင်းက ၉၂၅ မှတ်ဖြင့် တတိယအသီးသီး ရရှိကြသည်။

 

ပြိုင်ပွဲအပြီးဆုများ ချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ၆ပေါက်တန်း တက်သစ်စအားကစားသမားဆုကို မင်းသစ္စာအောင်-ပြည်မြို့၊ ၁၀ပေါက်တန်းတွင် တက်သစ်စအားကစားသမာဆုကို အောင်မြင့်မြတ်-မန်းစတား(မန္တလေး)၊ အကောင်းဆုံးဆုကို 2Two club မှ မျိုးမင်းသူ၊ အတိုးတက်ဆုံးအသင်းဆုကို ပြည်မြို့နယ်အသင်းနှင့်မြဝတီအသင်းတို့က ရရှိခဲ့ကြရာ ပြိုင်ပွဲအလိုက် ဆုရရှိကြသူများကို တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

 

ထို့နောက် ၃ ယောက်တွဲ အမျိုးသား ပိုက်ကျော်ခြင်း ပြိုင်ပွဲ ပထမဗိုလ်စွဲခဲ့သည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အသင်းအား မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစိုးနိုင်က ပထမတံခွန်စိုက် ဆုဖလားချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

တင်မောင်(မန်းကိုယ်ပွား)