ကောက်စိုက်စက်နှင့် ၁၀ တန်းသွားမျိုးစေ့ချကိရိယာတို့ဖြင့် ဒေသခံတောင်သူများ၏ နွေစပါး စိုက်ပျိုးပေး

နေပြည်တော်       မတ်       ၃၀

 

ကျေးလက်နေ တောင်သူများ၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် သမားရိုးကျစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနိုင်ရေးအတွက် နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် ၄၇ စက်မှုလယ်ယာစခန်းမှ ကောက်စိုက်စက်နှင့် ၁၀ တန်းသွား မျိုးစေ့ချကိရိယာတို့ဖြင့် နွေစပါးစိုက်ပျိုးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

 

နွေစပါးစိုက်ပျိုးရာတွင် ရေအိုးစဥ်ကျေးရွာနှင့် ကန်လှကျေးရွာတို့၌ ကောက်စိုက်စက်ဖြင့်လည်းကောင်း၊ သာယာကုန်းကျေးရွာ၊ ရေအိုးစဥ်ကျေးရွာ၊ ငှက်ပျောတောကျေးရွာနှင့် ကူသပိတ်ကျေးရွာတို့၌  ၁၀ တန်းသွား မျိုးစေ့ချကိရိယာဖြင့်လည်းကောင်း ဒေသခံတောင်သူများ၏ လယ်မြေများတွင် နွေစပါး စိုက်ပျိုးပေးလျက်ရှိကြောင်း သိရသည်။

 

ဝေကြည်(ပြန်/ဆက်)