ပေါက် ၂၄ စက်တင်ဘာ
မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် ကျွန်းဒိုင်းကျေးရွာ၌ ချောင်းရေတိုက်စားကာ ကမ်းပြိုမှုကြောင့် လူနေအိမ်တစ်လုံး ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။
ပေါက်မြို့နယ်၌ စက်တင်ဘာလဆန်းပိုင်းတွင် မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် ကျောချောင်းရေ မြင့်တက်ကာ ချောင်းရေတိုက်စား၍ ကမ်းပြိုမှုများ ဖြစ်ပွားခဲ့ပြီး ကျွန်းဒိုင်းကျေးရွာ၌ စက်တင်ဘာ ၂၃ ရက်က နေအိမ်တစ်လုံး ကြိုတင်ပြောင်းရွှေ့ခဲ့ရခြင်း ဖြစ်သည်။
အဆိုပါ ကမ်းပါးပြိုသည့် ကျေးရွာများသို့ စက်တင်ဘာ၂၃ ရက်နေ့ ညနေပိုင်းက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကျေးရွာနေ ပြည်သူများက အချိန်မီ ပြောင်းရွှေ့နိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဉာဏ်တိုး(ပေါက် ပြန်/ဆက်)


