ကော့ကျိုက်  ၄ စက်တင်ဘာ


ကရင်ပြည်နယ်တွင် ဩဂုတ် ၂၉ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကော့ကျိုက်-ဇာသပြင် အဖြောင့်လမ်းပေါ် ၂၇ ဒသမ ၅ ကီလိုမီတာနှင့် ၂၈ ဒသမ ၅ ကီလိုမီတာ အတွင်းရှိ တံတားအမှတ် (၂/၁၈) ပေ (၂၀) ကွန်ကရစ်တံတားသည် အုတ်စီကမ်းကပ်ခုံ ကွဲအက်ပျက်စီးသွားသဖြင့် ပေ(၄၀) D/S ဘေလီတံတားအား ပြန်လည်တည်ဆောက်ခဲ့ရာ သြဂုတ် ၃၀ ရက်တွင် တံတားတည်ဆောက်မှု ပြီးစီးခဲ့ကြောင်း သိရသည်။


အလားတူ အဆိုပါလမ်းပေါ် ၁၉ ဒသမ ဝ ကီလိုမီတာနှင့် ၁၉ ဒသမ ၅ ကီလိုမီတာအတွင်းရှိ တံတားအမှတ် (၂/၁၂) (၄၀) ပေ သံကူကွန်ကရစ်တံတားမှာလည်း စက်တင်ဘာ ၁ ရက်တွင် မိုးရေတိုက်စားမှုကြောင့် ကမ်းကပ်ခုံကွဲအက်ပျက်စီးသွားပါသဖြင့် ပေ(၆၀) D/S ဘေလီတံတား အား ပြန်လည်တည်ဆောက်ခဲ့ရာ စက်တင်ဘာ ၂ ရက်တွင် တံတားတည်ဆောက်မှု ပြီးစီးခဲ့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 


MDN