ဆိပ်ဖြူ  ၉ မေ

 

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ကျောက်ကြီးကျေးရွာ သောက်သုံးရေရရှိရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေဖြင့် စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှု အခြေအနေများကို  တာဝန်ရှိသူများက ယနေ့ နံနက် နာရီက  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ စစ်ဆေးရာတွင် ဆိပ်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲမင်းအောင်နှင့် တာဝန်ရှိသူများက ကျောက်ကြီးကျေးရွာ သောက်သုံးရေရရှိရေးအတွက် အနက်ပေ ၅၀၀ ရှိ စက်ရေတွင်းတူးဖော်ခြင်း၊ ဂါလန် ၅၀၀၀ ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်း၊ အလျား ၁၀ ပေ၊ အနံ ၈ ပေ၊ အမြင့် ၈ ပေရှိ ရေစက်ရုံ တည်ဆောက်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

 

အဆိုပါ ရေရရှိရေးလုပ်ငန်းများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေ ကျပ် ၁၈ ဒသမ ၇၁ သန်းဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး စက်ရေတွင်း တူးဖော်နိုင်မှုကြောင့် ကျေးရွာရှိ အိမ်ခြေ (၁၆၈) လူဦးရေ (၆၉၀) တို့၏ သောက်သုံးရေ အခက်အခဲများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

ဆိပ်ဖြူမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင် ကျောက်ကြီးကျေးရွာ အပါအဝင် ပိုင်းကျေးရွာ၊ ကျွန်းချောင်းကျေးရွာ၊ သစ္စည်းကျေးရွာ၊ စိုင်နီကျေးရွာ၊ သရက်ချဉ် စသည့် ကျေးရွာ () ရွာ၌ စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်း () ခု၊ လင်းတူးတွင်း တူးဖော်ခြင်းလုပ်ငန်း တစ်ခု၊ အခြားရေရရှိရေးလုပ်ငန်း တစ်ခုကို ငွေကျပ် ၉၉ ဒသမ ၅၉၈ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကျော်ဦး(ကျေး/လက်)