ကျောက်ကြီး ၂၀ ဇူလိုင်
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ရှင်သီဝလိရဟန္တာမြတ် ခြေတော်ရာတောင်တော်မြတ် မုဒ်ဦး၌ ဇူလိုင် ၂၀ ရက် နံနက် ၈ နာရီတွင် ရှင်သီဝလိခြေတော်ရာကျောင်းတိုက် ဆရာတော် ဥူးပညာဒီပ အမှူးထား၍ သံဃာ့အပါး(၂၀ဝ)ကျော်အား ဝါဆိုသင်္ကန်းဆပ်ကပ်ခြင်းနှင့် ဆွမ်းလောင်းလှူပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝါဆိုသင်္ကန်းဆပ်ကပ်ခြင်းနှင့် ဆွမ်းလောင်းလှူပွဲအား ခြေတော်ရာတောင်တော် ဂေါပကအဖွဲ့မှ ဦးဆောင်ပြီး ကျောက်ကြီးမြို့ပေါ် ဘုန်းတော်ကြီးကျောင်းများမှ ဝါဆို ဝါကပ်တော်မူကြကုန်သော သံဃာ့တော်အရှင်းသူမြတ် အပါး ၂၀ဝ ကျော်နှင့် သီလရှင်ဆရာလေးများအား ဝါတွင်းကာလ သင်္ကန်းနှင့် ဆွမ်းများ အခက်အခဲမရှိစေရန် ရည်ရွယ်ပြီး ဝါဆိုသင်္ကန်းဆပ်ကပ်ခြင်းနှင့် ဆွမ်းလောင်းလှူပွဲ ပြုလုပ်ခြင်းဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။
အဆိုပါ ဝါဆိုသင်္ကန်းဆပ်ကပ်ခြင်းနှင့် ဆွမ်းလောင်းလှူပွဲသို့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အမှတ် (၂) စစ်ဗျူဟာအဖွဲ့ ယာယီစစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး အောင်စိုးမင်း ဦးဆောင်ပြီး နယ်မြေခံ တပ်ရင်းများမှ တပ်ရင်းမှူးများ၊ အရာရှိ အရာခံ အကြပ်စစ်သည်များနှင့် မိသားစုဝင်များ၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ အလှူရှင်များက ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကိုသားကြီး(ကျောက်ကြီး)


