ကျောက်ကြီး၊ ၁၈ ဒီဇင်ဘာ
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်၌ ဒေသထွက်မုန့်လေပွေလုပ်ငန်း တစ်နိုင်တစ်ပိုင်လုပ်ကိုင်သူများ မိသားစုအပိုဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိကြောင်း ဒေသခံ မုန့်လေပွေ လုပ်ငန်းလုပ်ကိုင်နေသူ မိသားစုများထံမှ သိရသည်။
ဒေသထွက်မုန့်လေပွေလုပ်ငန်းအား ကျောက်ကြီးမြို့နယ် ငဗျက်အင်းကျေးရွာနှင့် ပဲခူးရပ်ကွက်များရှိ မိသားစုဝင်အချို့ လုပ်ကိုင်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေချိန် စီးပွားရေကြပ်တည်း နေချိန်တွင် မိမိ၏ နေအိမ်တွင် မိသားစုများနှင့်အတူ အိုမကွာ အိမ်မကွာ အလုပ်လုပ်ကိုင်နေရသည့်အတွက် ကပ်ရောဂါအတွက် စိတ်ပူစရာမလိုဘဲ ဒေသထွက် ကုန်ပစ္စည်းများဖြင့် လုပ်ကိုင်ရသည့်အတွက် မိသားစု မီးဖိုချောင် စားဖို့အပိုဝင်ငွေရကာ အဆင်ပြေကြောင်း မုန့်လေပွေ လုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးက ပြောသည်။
မုန့်လေပွေ ပြုလုပ်ရာတွင် ဆန်ကို ကြိတ်လုပ်ရာမှရရှိသည့် မုန့်ရည်နှင့် နှမ်း ကိုအဓိက အသုံးပြုရပြီး၊ သတင်းကျွတ်လပြည့်ကျော်မှ စတင်၍ ဆောင်းရာသီနှင့် နွေရာသီများတွင် အလုပ်လုပ်ကိုင်ရကာ မိုးရာသီတွင် ရာသီဥတု အခြေအနေအရ လုပ်ငန်းနားကြောင်း၊ ဒေသထွက်ဖြစ်သော ထင်း၊ ဆန်၊ နှမ်း၊ ဆား တို့ကို အသုံးပြုရသည့်အတွက် ကုန်ကြမ်းအတွက်က လွယ်ကူကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာလဖြစ်သည့်အတွက် ဒေသပွဲတော်များ ရပ်နားထားသဖြင့် ပွဲဈေးများတွင် မရောင်းချရ၍ ရောင်းအားအနည်းငယ် ကျဆင်းသော ဒေသထွက် မုန့်ဖြစ်သောကြောင့် ပုံမှန်စျေး ရောင်းချနေရသဖြင့် အဆင်းပြေကာ မိသားစု အပိုဝင်ငွေရရှိကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်နေသူများထံမှ သိရသည်။
ကိုသားကြီး( ကျောက်ကြီး)


