ကျောက်ကြီး ၅ ဩဂုတ်
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းပြီး ချောင်းရေမြင့်တက်မှုကြောင့် မြို့နယ်အတွင်းရှိ အိမ်ထောင်စုအချို့ ယာယီကယ်ဆယ်ရေးစခန်းနှင့် နီစပ်ရာဆွေမျိုးများနေအိမ်သို့ ပြောင်းရွေ့ရကြောင်းသိရသည်။
ကျောက်ကြီးမြို့နယ်ရှိ စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ် (၈၆၀)စင်တီမီတာ၊ အန္တရာယ်ရေမှတ် (၉၃၀)စင်တီမီတာ ရှိရာ ယနေ့ နံနက် ၉ နာရီအချိန်တိုင်း ထွာချက်အရ စစ်တောင်းမြစ်ရေမှတ်(၈၇၀)စင်တီမီတာ သို့ရောက်ရှိနေပြီးl ကျောက်ကြီး ချောင်းရေ မြင့်တက်လာကာ ကျောက်ကြီးမြို့ ပဲခူးရပ်ကွက်၊ ကပ်ကျေးရပ်ကွက်၊ ဆားတန်းရပ်ကွက်၊ တောင်ငူ တန်းရပ်ကွက်၊ သိမ်တန်းရပ်ကွက်၊ ဗမာဝက်လာတောကျေးရွာ၊ လပတ်ကျေးရွာ နှင့် ကျွန်ပင်ဆိပ်ကျေးရွာ တို့မှ အိမ်ထောင်စု စုစုပေါင်း (၉၃)စု ရေနစ်မြုပ်ခဲ့ပြီး လူဦးရေ ပေါင်း(၄၀၁)ဦးအား ယာယီ ကယ်ဆယ် ရေစခန်းဖွင့်လှစ်ထားရှိသည့် ပဲခူးရပ်ကွက် မြို့တွင်းကျောင်း မိုးကုတ်ဓမ္မာရုံ သိန်တန်းရပ်ကွက် ရှိ မင်းအိုကြီးဘုန်းတော်ကြီးကျောင်း နှင့် ရပ်ကွက်ဓမ္မာရုံ တောင်ငူတန်းရပ်ကွက်ရှိ မြို့ဦးဘုန်းတော်ကြီး ကျောင်း ကျွန်ပင်ဆိပ်ကျေးရွာ ဘက်စုံသုံးခန်းမတို့နှင့် နီစပ်ရာဆွေမျိုးများအိမ်များသို့တာဝန်ရှိသူများက ပြောင်းရွှေ့နေရာချထားပေးရကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သိရှိရသည်။
အဆိုပါကယ် ဆယ်ရေးစခန်းပြောင်းရွှေ့နေရာချထားပေးနိုင်ရန် နယ်မြေခံ တပ်ရင်းများမှ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ ဝင်များ ဝိုင်းဝန်ပြောင်းရွေ့ ကူညီဆောင်ရွက်ပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ဆောင်ရွက် ပေးလျှက်ရှိကြောင်း သိရသည်။
ကိုလွင်(ဆွာ)


