ကျောက်ကြီး၊ ၁၅ ဇွန်
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် အင်းနက်ကျေးရွာ၌ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် ကျောက်ကြီးချောင်းကမ်းပါး ကမ်းထိန်းတန်းနှင့် ရေလွဲကဒစ်တန်း တည်ဆောက်ခြင်းလုပ်ငန်းတို့ကို မြို့နယ် တာဝန်ရှိသူများ ဇွန် ၁၅ ရက် နံနက် ၁၀ နာရီတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ကွင်းဆင်းကြည့်ရှုစစ်ဆေးမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးမြမောင်၊ ကျောက်ကြီးမြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်မျိုး၊ ဆည်မြောင်းနှင် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မြချိုနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးကဲများ သက်ဆိုင်ရာ တာဝန်ရှိသူအဖွဲ့ဝင်များ လိုက်ပါပြီး (၂၀၂၀/၂၀၂၁) ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ကျပ် (၂၂၈၉၄၆၀၀) ဖြင့် အင်းနက်ကျေးရွာ ကျောက်ကြီးချောင်းအတွင်း ရေလွဲကဒစ်တန်း (၅၀)ပေ၊ အရှည် (၇)တန်း၊ ကမ်းထိန်းတန်း (၁၀၀)ပေ၊ အရှည် (၃)တန်း ဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
အင်းနက်ကျေးရွာတွင် မိုးရာသီရောက်တိုင်း ကျောက်ကြီးချောင်း ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျလာပြီး လူနေအိမ်နှင့် လမ်းများ ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ကွင်းဆင်းပြီး ချောင်းကမ်းပါး ကမ်းထိန်းတန်းနှင့် ရေလွဲကဒစ်တန်း တည်ဆောက်ခြင်းလုပ်ငန်း လာရောက်ဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်း သိရသည်။
ကိုသားကြီး(ကျောက်ကြီး)


