ကျောက်ကြီး ၂၀ မတ်
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် အင်းနက်ကျေးရွာတွင် ယနေ့ မွန်းလွဲပိုင်းက မြန်မာ့ရိုးရာ နွားပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲတွင် နွားကြီးဒုံးပြိုင်ပွဲနှင့် နွားလေးအလှပြိုင်ပွဲဟူ၍ ၂ မျိုးခွဲ ယှဉ်ပြိုင်စေခဲ့ရာ နွားကြီး ဒုံးပြိုင်ပွဲတွင် နွားကြီး (၇)စီး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး နွားလေးအလှအပြိုင်ပွဲတွင် နွားလေးစစ်မစစ် စစ်ဆေးခြင်း၊ ပြိုင်ပွဲတွင် ပန်းမဝင်ခင် ပြိုင်ပွဲဘေးလမ်းဆွဲထုတ်ခြင်း၊ ခြေခေါက်ခြင်း၊ ခုန်ခြင်းများကို အလံ(၃)ချောင်း ပစ်ချကာဆုံးဖြတ်စေ၍ စက္ကန့်ဖြင့် အနိုင်အရှုံး ပြုလုပ်ခဲ့ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီဝင် ဦးမြင့်အောင် ကပြောသည်။
အဆိုပါ မြန်မာ့ရိုးရာနွားပြိုင်ပွဲအား အင်းနက်ကျေးရွာအုပ်စုနှင့် အနီးအနား ကျေးရွားများမှ ဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ကိုသားကြီး(ကျောက်ကြီး)
