ကျောက်ကြီး၊  ၁၄  ဇွန်

 

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ကျောက်စရစ်ကျေးရွာ၌ ဆည်မြောင်းနှင် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် စစ်တောင်းမြစ်ကမ်းပါး ကမ်းထိန်း နံရံ တည်ဆောက်ခြင်းလုပ်ငန်းနှင့် ရေလွဲကဒစ်တန်းတည်ဆောက်ခြင်း လုပ်ငန်းပြီးစီးမှုအခြေအနေအား ဇွန်လ ၁၄ ရက် နံနက် ၁၀ နာရီတွင် မြို့နယ်တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

1654+9

 

ကွင်းဆင်းကြည့်ရှုစစ်ဆေးမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  အဖွဲ့ဝင်(၂) ဦးမြမောင်၊ ကျောက်ကြီး မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်မျိုး၊ ဆည်မြောင်းနှင် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မြချိုနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးကဲများ သက်ဆိုင်ရာ တာဝန် ရှိသူ အဖွဲ့ဝင်များလိုက်ပါပြီး၊ (၂၀၂၀ / ၂၀၂၁) ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ကျပ်( ၄၀၀၆၀၁၅၀) ဖြင့် ကျောက်စရစ်ကျေးရွာ စစ်တောင်းမြစ်ကမ်းပါး ကမ်းထိန်းနံရံ (၁၀၀)ပေ၊ အရှည် (၅)တန်း၊ ရေလွဲကဒစ်တန်း ပေ(၅၀)၊ အရှည် (၁၂)တန်း တည်ဆောက်ပြီးစီးမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ကျောက်စရစ်ကျေးရွာ၌ နှစ်စဉ် မိုးရာသီရောက်တိုင်း မြစ်ရေကြီးမှု အန္တရာယ်၊ ကမ်းပါးပြိုကျမှု အန္တရာယ်များ ခံစားရပြီး၊ လူနေအိမ်များ ကမ်းပါးပြို၍ ပြောင်းရွှေ့ရသည့် ဒုက္ခများကင်းဝေးအောင် စစ်တောင်းမြစ်ကမ်းပါး ကမ်းထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်းနှင့် ရေလွဲကဒစ်တန်း တည်ဆောက်ခြင်းလုပ်ငန်း   ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

 

ကိုသားကြီး( ကျောက်ကြီး)