ကျောက်ကြီး ၁၅ မတ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် ကျွန်းပင်ဆိပ်ကျေးရွာ၊ ရွှေဘုန်းဘက်စုံသုံးခန်းမဆောင်၌ တောင်ငူခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ  ဦးအာကာကိုကို ဦးဆောင်သော ဝန်ထမ်းများသည် မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းများကို ယနေ့ညနေပိုင်းတွင် ပေးအပ်ခဲ့သည်။ 

ယနေ့ နံနက် ၁ နာရီခန့်က ကျွန်းပင်ဆိပ်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးလောင်ဆုံးရှုံးသွားသည့် အိမ်ထောင်စုဝင်(၄)စု၊ လူဦးရေ(၂၃)ဦးအား ဆန်းဖိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၅၄၈၃၀ဝ)သိန်း၊ ပစ္စည်း(၁၉)မျိုးပါ ဘူးများအား တိုင်းဒေသကြီးအမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးစည်သူလွင်၊ ကျောက်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူတို့နှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုသားကြီး(ကျောက်ကြီး)