ကျောက်ကြီးမြို့နယ် မွေးမြူရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းများက ဝါးခမောက်များ ရက်လုပ်ရောင်းချ

နေပြည်တော် ၂၀ မေ

 

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ် မုန်းဒေသ ဥသျှစ်ခင်ကျေးရွာရှိ ဘဝသစ်အားမာန် (မသန်စွမ်း) မွေးမြူရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်း၊ ညောင်ပင်သာကျေးရွာရှိ တွဲလက်ညီညာ (မသန်စွမ်း) မွေးမြူရေးနှင့်အထွေထွေလုပ်ငန်း သမဝါယမအသင်း၊ တုံးတောကျေးရွာရှိ လမ်းပြကြယ်() (မသန်စွမ်း) မွေးမြူရေးနှင့်အထွေထွေလုပ်ငန်း သမဝါယမအသင်း၊ ဒိုးတန်းကျေးရွာရှိ လမ်းပြကြယ်() (မသန်စွမ်း) မွေးမြူရေးနှင့်အထွေထွေလုပ်ငန်း သမဝါယမအသင်း၊ သမန်းကျင်းကျေးရွာရှိ ရွှေရောင်အနာဂါတ် (မသန်စွမ်း) မွေးမြူရေးနှင့်အထွေထွေလုပ်ငန်း သမဝါယမအသင်း၊ မုန်း()ရပ်ကွက်ရှိ မီးအိမ်ရှင် (မသန်စွမ်း) မွေးမြူရေးနှင့်အထွေထွေလုပ်ငန်း သမဝါယမအသင်း စုစုပေါင်း()သင်းကို စစ်မှုထမ်းဟောင်း မသန်စွမ်းသူ အသင်းသား (၆၈၈)ဦးဖြင့် ဖွဲ့စည်းထားရှိပြီး အသင်းသားများ နေ့စဉ်ဝင်ငွေနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် အိမ်တွင်းမှုလုပ်ငန်းအဖြစ် ဝါးခမောက်များ ရက်လုပ်ဆောင်ရွက်လျက်ရှိရာ တစ်နေ့လျှင် ဝါးခမောက်ပျမ်းမျှ ၁၅၀ ထုတ်လုပ်နိုင်ပြီး ()လုံးလျှင် ကျပ် ၅၀၀ နှုန်းဖြင့် ရောင်းချရာ သုံးစွဲသူများမှ သဘောကျနှစ်ခြိုက်စွာ အသုံးပြုလျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်