ကျောက်ကြီး   နိုဝင်ဘာ  ၂၀

(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် မီးသတ်ဦးစီးမှူးရုံးခန်းမ၌ နိုဝင်ဘာ ၂၀ ရက် နံနက်ပိုင်းက မြို့နယ်အဆင့် မီးသတ်ကျင့်ဝတ်ဖြေဆိုပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါဖြေဆိုပွဲတွင် ကျောက်ကြီးမြို့နယ်အတွင်းရှိ အရာရှိ၊ အကြပ်၊ တပ်သား မီးသတ်တပ်ဖွဲ့ဝင် စုစုပေါင်း ၃၅ ဦး ဝင်ရောက်ဖြေဆိုကြပြီး မီးသတ်ဦးစီးဌာန ကျင့်ဝတ် ၁၀၂ ပါး၊ ရည်ရွယ်ချက်၊ ရည်မှန်းချက်တာဝန်(၄)ရပ်၊ ဥပဒေ/နည်းဥပဒေများ၊ လုပ်ငန်းစဉ်(၇)ရပ်၊ စွမ်းရည်(၄)ရပ်တို့အား ၂ နာရီကြာ ဖြေဆိုခဲ့ကြသည်။ 

မြို့နယ်မှပြုလုပ်သော မီးသတ်ကျင့်ဝတ်ဖြေဆိုပွဲတွင် ထူးချွန်းစွာဖြေဆိုနိုင်သူ အရာရှိတစ်ဦး၊ အကြပ်မီးသတ်တပ်ဖွဲ့ တစ်ဦး၊ မီးသတ်တပ်သား တစ်ဦးတို့အား တောင်ငူခရိုင်၌ ပြုလုပ်မည့် မီးသတ်ကျင့်ဝတ်ဖြေဆိုပွဲသို့ စေလွတ်ကာ ပါဝင်ယှဉ်ပြိုင်စေမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ထံမှ သိရသည်။

ကိုသားကြီး(ကျောက်ကြီး)