ကျောက်ကြီး ၁၇  ဧပြီ

 

ပဲခူးတိုင်းဒေကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရ၏ ထောက်ပံ့ကူညီသော အခြေခံစားသောက်ကုန် ပစ္စည်းငါးမျိုးတို့ကို အိမ်အ‌ရောက်ထောက်ပံ့မှုအား ဧပြီ ၁၁ ရက်နေမှ စတင်ပြီးဖြန့်ဝေးပေးလျက်ရှိရာ ကျောက်ကြီးမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့်  ကြက်ခြေနီတပ်ဖွဲ့ တို့မှ ကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

 

1630

 

ကူညီဆောင်ရွက်ရာတွင် ကျောက်ကြီးမြို့နယ် ကြက်ခြေနီအသင်း(ခွဲ)ဥက္ကဌ ဦးအောင်သင်းနှင့် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး မင်းမြတ်ဘုန်း တို့ဦးဆောင်ပြီး ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ မြို့ပေါ် (၇)ရပ်ကွက် နှင့် ကျေးရွာအုပ်စု (၄၁)အုပ်စုရှိ အိမ်ထောင်စု (၆၈၁၈)စု၊ လူဦးရေ (၃၀၈၅၇)ဦးအတွက် ထောက်ပံ့ရေး ပစ္စည်းများဖြစ်သော ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ကုလားပဲ(၁)ပိဿာနှင့် ကြက်သွန်နီ (၁)ပိဿာ၊ စုစုပေါင်းတန်ဖိုး (၁၄၄၀ဝ)ကျပ် ထောက်ပံ့ဖြန့်‌ဝေခြင်းများ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ကိုသားကြီး ( ကျောက်ကြီး)