ကျောက်ကြီး ၁၁ အောက်တိုဘာ 


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ ကျောက်စရစ်ကျေးရွာအုပ်စု၊ လိန်ပင်ကျေးရွာ နှင့် နတ်သံကွင်းကျေးရွာအုပ်စု၊ တံခွန်တိုင်ကျေးရွာတို့၌ စစ်တောင်းမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှု အန္တရာယ်ဖြစ်ပေါ်လာနိုင်သဖြင့် နေအိမ် ခြောက်လုံး ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။


‌အောက်တိုဘာ ၁၀ ရက် မွန်းတည့် ၁၂ နာရီက ကျောက်စရစ်ကျေးရွာအုပ်စု ထိန်ပင်ကျေးရွာ၌ နေအိမ် လေးလုံးအားလည်းကောင်း၊ အောက်တိုဘာ ၁၁ ရက် နံနက် ၈ နာရီခွဲက  နတ်သံကွင်းကျေးရွာအုပ်စု တံခွန်တိုင်ကျေးရွာ၌ နေအိမ်နှစ်လုံးတို့အားလည်းကောင်း ဖျက်သိမ်း၍ နီးစပ်ရာဆွေမျိုးများ နေအိမ်သို့ ပြောင်းရွှေ့ပေးခဲ့ရပြီး ဌာနဆိုင်ရာများနှင့် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများက လိုအပ်သည်များ ကူညီစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။

ကိုသားကြီး( ကျောက်ကြီး)