ကျောက်ကြီး၊ ဇူလိုင် ၂၆
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင် ကာကွယ် နိုင်ရေးနှင့် ကူးစက်မှုလျော့နည်းစေရေး အမျိုးသားရေးတာဝန်တရပ်အနေဖြင့် သိရှိစေရန် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စီမံမှုဖြင့် အသိပေးနှိုးဆော်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ယင်းသို့ဆောင်ရွက်မှုအား ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးဝန်ထမ်းများ၊ ရပ်ကွက် ကျေးအုပ်စုအုပ်ချုပ်ရေးမှူးများက ကျောက်ကြီးမြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်အတွင်းရှိ ကျေးရွာအလိုက် နေ့စဥ် သိရှိနိုင်ရန် အသိပေးနှိုးဆော်မှုများပြုလုပ်ဆောင်လျှက်ရှိကြောင်းသိရသည်။
ကိုသားကြီး( ကျောက်ကြီး)


