ကျောက်ကြီး ၂၇   ဧပြီ

 

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်၌ ဧပြီ ၂၆ ရက် ညနေ ၃ နာရီက လေပြင်း တိုက်ခတ်ခဲ့မှုကြောင့် ကျေးရွာအုပ်စု နှစ်အုပ်စုရှိ လူနေအိမ်၊ ဓမ္မရုံနှင့် စာသင်ကျောင်း အမိုးလန် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

165

 

 အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ကျောက်ကြီးမြို့နယ် ထိုးဝါးစိုက်ကျေးရွာအုပ်စုရှိ ထိုးဝါးစိုက် ကျေးရွာ၌ လူနေအိမ် (၃) လုံးနှင့် စာသင်ကျောင်း(၁) ကျောင်း၊ ရွှေသောင်ကျေးရွာ၌ လူနေအိမ် (၁) လုံး၊ ကျောက်စရစ် ကျေးရွာအုပ်စုရှိ ပဲသောင်ကျေးရွာ၌ လူနေအိမ် (၁၈) လုံးနှင့် ဓမ္မရုံ (၁) လုံး၊ လိန်ပင်ကျေးရွာ၌ လူနေအိမ် (၁) လုံး အမိုးလန် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

ကိုသားကြီး( ကျောက်ကြီး)

 

202004