ကျောက်ကြီးမြို့နယ်၌  မိုးကြိုးပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံး

ကျောက်ကြီး  ၂၅   မေ 

 

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ငထွေစုတ်ကျေးရွာအုပ်စု ဗမာမျက်ရဲကျေးရွာ၌ မေလ ၂၄ ရက်နေ့ ညနေ ၅ နာရီခန့်က  မိုးကြိုးပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

 

မိုးရွာသွန်းကာ မိုးကြိုးပစ်မှုကြောင့် ငထွေစုတ်ကျေးရွာအုပ်စု ဗမာမျက်ရဲကျေးရွာနေ ဦးဇေယျာလင်း (၃၀)နှစ်သည် ၎င်းရွာ၏ ချောင်းကမ်းပါးဘေး ကျွဲလှည်းဖြင့် သဲတင်ဆောင်လာစဉ် မိုးကြိုးထိမှန် သေဆုံးခဲ့ခြင်းဖြစ်သည်။

 

ကျောက်ကြီးမြို့နယ်၌ ယခုနှစ်မေလအတွင်း မိုးကြိုးထိမှန်သေဆုံးသူ (၃)ဦး၊ မိုးကြိုးစက်ကွင်းမိ၍ ဆေးကုသမှုခံရသူ (၈)ဦး၊ တိရစ္ဆာန် မိုးကြိုးထိမှန်သေဆုံး နွား(၂)ကောင် နှင့် ဝက် (၁)ကောင်ရှိကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး မှတ်တမ်းအရ သိရသည်။

 

ကိုသားကြီး(ကျောက်ကြီး)