ကျောက်ကြီး ၁ ဖေဖော်ဝါရီ

 

 

 

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ရာမ်ဂစ်ကျေးရွာတွင် ဇန်နဝါရီ  ၃၁ ရက် ညနေ ၃ နာရီခွဲက နေအိမ်မီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားရာ နေအိမ်(၉)လုံး မီးလောင်ဆုံးရှုံးမှုဖြစ်ပွားကြောင်း သိရှိရသည်။

 

 

 

ဖြစ်စဉ်မှာ အဆိုပါကျေးရွာနေ ဂေါ်ရခါး (၅၀)နှစ်၏ နေအိမ်ရှိ မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းခဲ့ရာ သက္ကယ်မိုး၊ ထရံကာ၊ မြေစိုက်နေအိမ် လုံး(တန်ဖိုး ၉၆ သိန်း ကျပ်ခန့်) မီးလောင်ဆုံးရှုံးခဲ့ပြီး ၁ နာရီခန့်အကြာတွင် မီးငြိမ်းသွားခဲ့ကြောင်း၊ မီးအား ပေါ့ဆစွာ အသုံးပြုသူ ဂေါ်ရခါးအား မုန်းနယ်မြေရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

 

 

MDN

Source: ရဲပြန်ကြား