ကျောက်ကြီး  ဇွန်  ၂၅

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်ကျောက်ကြီးမြို့နယ် မြို့နယ်၌ပန်းခင်းစီမံချက်ဖြင့်အိမ်ထောင်စုလူဦး ရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ 

အခမ်းအနားတွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်လင်းထွန်းမှအဖွင့် အမှာစကားပြောကြားပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံး၌ပန်းခင်း စီမံချက်အရဆောင်ရွက်ပေးလျက်ရှိသော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဒေသခံပြည်သူများ လက်ဝယ်အရောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများမှပေးအပ်ခဲ့သည်။

ဆက်လက်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးညီဇော်ဌေး က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ ပန်းခင်းစီမံချက်ကို ချမှတ်ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း၊ နိုင်ငံသားအားလုံး အိမ်ထောင်စုလူဦးရေစာရင်း မရှိသူများအား အိမ်ထောင်စုလူဦးရေစာရင်း ဆောင်ရွက်ပေးခြင်း၊ ဥပဒေအရ အိမ်ထောင်စုဝင်များအားကိုင်ဆောင်လက်မှတ် တစ်မျိုးမျိုးကိုပန်းခင်းစီမံချက်နှင့် အညီ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများအားဆောင် ရွက်ပေးခြင်း၊ အသက်၁၆နှစ်နှင့် ၁၈ကြားပြည်သူများ၊ အသက်၁၈နှစ်အထက်နိုင်ငံသား စိစစ်ရေးကတ်မရှိသော ပြည်သူများကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပန်းခင်းစီမံချက်နှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။

ကျောက်ကြီးမြို့နယ်တွင် ဇွန်လ ၂၅ ရက်နေ့အထိ အိမ်ထောင်စုလူဦးရေစာရင်း(၁၄၃)စု၊နိုင်ငံ သားစိစစ်ရေးကတ်ပြား(၅၂၉)ခု ဆောင်ရွက်ပေးခဲ့ပြီး စီမံချက်ကာလတစ်လျှောက်ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
                                                                                                                
မြို့နယ်ပြန်/ဆက်