ကျောက်ကြီး  ၂    အောက်တိုဘာ

 

၂၀၁၈ ခုနှစ်က ကျောက်ကြီးမြို့နယ်အတွင်း မိုးသီးနှံများ သဘာဝဘေးကြောင့် ပျက်စီးခဲ့မှုများအား ပြည်ထောင်စု အရေးပေါ်ရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း ဝေးခန်းမ၌ ကျင်းပသည်။

 

  ထောက်ပံ့ပေးအပ်ပွဲတွင် အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဒေါက်တာ မြသောင်း က အဖွင့်အမှာ စကားပြောကြားပြီး  ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးမြင့်ငွေ၊ ကျောက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူတို့က အမှာစကား အသီးသီး ပြောကြားကြသည်။

 

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးစိုးနိုင်က ကျောက်ကြီးမြို့နယ်အတွင်း ၂၀၁၈ ခုနှစ် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးသွားသည့် မိုးစပါး (၁၀ဝ၅၃)ဧက၊ ကြံသီးနှံ (၁၂)ဧက နှင့် ရာသီသီးနှံ နနွင်း (၄)ဧက တို့ပျက်စီးဆုံးရှုံးခဲ့ပြီး၊ ပျက်စီးဆုံးရှုံးမှုအပေါ် ကျောက်ကြီး မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအသီးသီးအား ပံ့ပိုးငွေ စုစုပေါင်းငွေကျပ် ၁၀၁၁၇၀ဝ၀ဝ အား ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

 

  အဆိုပါ ထောက်ပံ့ပေးအပ်ပွဲသို့  လွတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် မြို့နယ် အဆင့် ဌာနဆိုင်ရာအကြီးကဲများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ လယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ကိုသားကြီး(ကျောက်ကြီး)