ကျောက်ကြီး      ဇွန်      ၉

 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်ရှိ စက်သုံးဆီဆိုင်များတွင် စက်သုံးဆီ သိုလှောင်ရောင်းချမှု အခြေအနေများကို ဇွန် ၉ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်း၍ ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ကျောက်ကြီးမြို့နယ်အတွင်းရှိ စက်သုံးဆီ ရောင်းချနေသည့် ဆီပန့်များတွင် စက်သုံးဆီအမျိုးအစား၊ သတ်မှတ်စျေးနှုန်း မှန်မမှန်နှင့် ချိန်တွယ်ရောင်းချသည့် လီတာ(သို့) ဂါလန် ပြည့်မပြည့်၊ စက်သုံးဆီ သိုလှောင်ထားရှိမှုအခြေအနေ၊ မြို့နယ်အတွင်း စက်သုံးဆီ သုံးစွဲမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ခြင်းဖြစ်သည်။

 

မြို့နယ်(ပြန်/ဆက်)